ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် အထူးအစည်းအဝေး(၁/၂၀၁၉)တတိယနေ့ ကျင်းပ

 07/10/2019 - 15:41

ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော်

အထူးအစည်းအဝေး(၁/၂၀၁၉)တတိယနေ့ ကျင်းပ

တောင်ကြီး    ဇူလိုင် ၁၀

ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် အထူးအစည်းအဝေး(၁/၂၀၁၉)၊ (တတိယနေ့) ကို ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၁၀ ရက် (ဗုဒ္ဓဟူးနေ့) နံနက်(၁၀)နာရီအချိန်တွင် ရှမ်းပြည်နယ်လွှတ်တော် အစည်းအဝေးခန်းမ၌ကျင်းပရာ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ တပ်မတော်သားကိုယ်စားလှယ် များ၊ လေ့လာသူများတက်ရောက်ကြသည်။

         အစည်းအဝေးတွင် ရှမ်းပြည်နယ်လွှတ်တော်ရုံး ညွှန်ကြားရေးမှူး ဦးလှမျိုးက အခမ်းအနားမှူး အဖြစ်ဆောင်ရွက်သည်။

         အစည်းအဝေး မတက်ရောက်နိုင်သော ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် (၂၀) ဦးတို့ အတွက် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များစိစစ်ရေးကော်မတီ ဥက္ကဋ္ဌ၊ နမ့်စန်မြို့နယ် မဲဆန္ဒနယ် အမှတ် (၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလင်းအောင်ဆွေက ခွင့်ပန်ကြားပြီး ပြည်နယ်လွှတ်တော် မှ သဘောတူကြောင်းနှင့် အစည်းအဝေးအထမြောက်မှုကို လွှတ်တော်မှအတည်ပြုကြောင်း ကြေညာပါသည်။

ဆက်လက်၍ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက အစည်းဝေးတက်ရောက်ခွင့်ရှိသူ လွှတ်တော် ကိုယ်စားလှယ် (၁၄၀)ဦး ရှိသည့်အနက် ခွင့်ပန်ကြားသူ(၂၀)ဦးရှိပြီး အစည်းအဝေးသို့ (၁၂၀)ဦး တက်ရောက်သဖြင့် (၈၅.၇၁)%  ရှိသောကြောင့် အစည်းအဝေးအထမြောက်ကြောင်းနှင့် ပထမနေ့ အစည်းအဝေးစတင်ကျင်းပကြောင်း ကြေညာပါသည်။

ထို့နောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ တင်သွင်းခဲ့သော ၂၀၁၉-၂၀၂၀ ခု၊ ဘဏ္ဍာရေးနှစ် ရှမ်းပြည်နယ်၏ ရသုံးမှန်းခြေငွေစာရင်းများတွင် ပြည်ထောင်စုမှ ထပ်မံထောက်ပံ့ငွေဖြင့် ဆောင်ရွက် မည့်လုပ်ငန်းစာရင်းများနှင့် စပ်လျဉ်း၍ မိုင်းပျဉ်းမြို့နယ် မဲဆန္ဒနယ်အမှတ်(၂)မှ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းလှဝင်းမှ အဆိုပါလုပ်ငန်းစာရင်းများ နှင့်စပ်လျဉ်း၍ ဆွေးနွေး သုံးသပ်အကြုံပြုတင်ပြခဲ့ပြီး ဒေသန္တရစီမံကိန်းနှင့် ဘဏ္ဍာငွေအရအသုံးဆိုင်ရာစိစစ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးခင်မောင်တင့်က ကော်မတီမှ စိစစ်သုံးသပ်အကြံပြုချက် အစီရင်ခံစာကိုဖတ်ကြားပါသည်။

အဆိုပါ လုပ်ငန်းစာရင်းများနှင့် စပ်လျဉ်း၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်စီမံကိန်း နှင့် ဘဏ္ဍာရေးဝန်ကြီးဦးစိုးညွန့်လွင်မှ ဆွေးနွေးရှင်းလင်းခဲ့ပြီး ပြည်နယ်လွှတ်တော်၏ အဆုံးအဖြတ် ရယူရာ လွှတ်တော်မှသဘောတူသဖြင့် ကော်မတီမှစိစစ်ပြီးစာရင်းများအား အတည်ပြုကြောင်း ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက ကြေညာပါသည်။

ထို့နောက်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် အထူး အစည်းအဝေး(၁/၂၀၁၉) ဆောင်ရွက်ချက်များအပါအဝင် လွှတ်တော်လုပ်ငန်းဆိုင်ရာများအား ရှင်းလင်းတင်ပြခဲ့ပြီး ပြည်နယ်လွှတ်တော်အစည်းအဝေး(တတိယနေ့)ကို နံနက် (၁၁)နာရီအချိန်တွင်ပြီးစီးခဲ့ရာ ဒုတိယအကြိမ်ရှမ်းပြည်နယ်လွှတ်တော် အထူးအစည်းအဝေး(၁/၂၀၁၉) အောင်မြင်စွာ ပြီးမြောက်ခဲ့ပါသည်။         

date for calender: 
Wednesday, July 10, 2019 - 15:30

Theme Colors

Please select the following colors to preview different color schemes of the theme.