ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစိုင်းလုံးဆိုင် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး H.E Mr.Scot Marciel နှင့် တာဝန်ရှိသူများအား လက်ခံတွေ့ဆုံ

 01/23/2020 - 16:11

ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစိုင်းလုံးဆိုင် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး H.E Mr.Scot Marciel နှင့် တာဝန်ရှိသူများအား လက်ခံတွေ့ဆုံ

တောင်ကြီး   ဇန်နဝါရီ  ၂၃

          ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌသည် ရန်ကုန်မြို့၊ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်နိုင်ငံ သံအမတ်ကြီး H.E Mr.Scot Marciel ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား  ဇန်နဝါရီလ  ၂၃ ရက် နံနက်(၁၀:၃၀)တွင် ရှမ်းပြည်နယ်လွှတ်တော်ရုံးဧည့်ခန်းမ၌ လက်ခံတွေ့ဆုံပါသည်။

          ထိုသို့လက်ခံတွေ့ဆုံရာတွင် ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနှင့် သံအမတ်ကြီးတို့သည် နှစ်နိုင်ငံရွေးကောက်ပွဲစနစ်ဆိုင်ရာကိစ္စရပ်များ၊ ရှမ်းပြည်နယ်လွှတ်တော်၏ လွှတ်တော် ဆိုင်ရာလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများနှင့်ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြပါသည်။

          အဆိုပါတွေ့ဆုံပွဲသို့ ရှမ်းပြည်နယ်လွှတ်တော်ရုံး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်နန်းမိုခမ်းနှင့် တာဝန်ရှိသူများ တက်ရောက်ကြပါသည်။

date for calender: 
Thursday, January 23, 2020 - 16:00

Theme Colors

Please select the following colors to preview different color schemes of the theme.