ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစိုင်းလုံးဆိုင် ၂၀၁၉-၂၀၂၀ခု၊ ဘဏ္ဍာရေးနှစ် ရှမ်းပြည်နယ်၏ ရသုံးခန့်မှန်းခြေ ငွေစာရင်းဆိုင်ရာ အချက်အလက်များစာစောင် မိတ်ဆက်အခမ်းအနား တက်ရောက်

 01/15/2020 - 16:39

ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစိုင်းလုံးဆိုင် ၂၀၁၉-၂၀၂၀ခု၊ ဘဏ္ဍာရေးနှစ် ရှမ်းပြည်နယ်၏ ရသုံးခန့်မှန်းခြေ ငွေစာရင်းဆိုင်ရာ အချက်အလက်များစာစောင် မိတ်ဆက်အခမ်းအနား တက်ရောက်

တောင်ကြီး     ဇန်နဝါရီ        ၁၅

                ၂၀၁၉-၂၀၂၀ခု၊ ဘဏ္ဍာရေးနှစ် ရှမ်းပြည်နယ်၏ ရသုံးခန့်မှန်းခြေငွေစာရင်းဆိုင်ရာ အချက်အလက်များစာစောင် မိတ်ဆက်အခမ်းအနားကို ဇန်နဝါရီလ(၁၅)ရက် နံနက် (၉)နာရီအချိန်တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ပါသည်။

   ထို့နောက် အခမ်းအနားတွင် ရှမ်းပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဦးစိုင်းလုံးဆိုင်က အဖွင့် အမှာစကားပြောကြားရာတွင် ရှမ်းပြည်နယ်၏ ဘတ်ဂျက်ကို ပြည်သူများသိရှိပြီး လေ့လာ သုံးသပ်နိုင်ရန်အတွက် ဘတ်ဂျက်ပွင့်လင်းမြင်သာမှုဆိုင်ရာစာစောင် ထုတ်ဝေပြီး ပြည်သူများ အား ဘတ်ဂျက် လုပ်ငန်းစဉ်တွေ၊ စီမံကိန်းလုပ်ငန်းတွေအကြောင်း တင်ပြလာခဲ့တာ ယခုဆိုရင် (၂)နှစ်ဆက်တိုက်ရှိလာပြီ ဖြစ်သည့်အတွက်များစွာ ဂုဏ်ယူမိပါကြောင်း၊ ပွင့်လင်းမြင်သာပြီး ထိရောက်ကောင်းမွန်သော ပြည်သူ့ဘဏ္ဍာဖြစ်လာစေဖို့အတွက် မိမိတို့ လွှတ်တော်ဘက်မှလည်း ဘဏ္ဍာငွေစိစစ်ရေး လုပ်ငန်းစဉ်တွေမှာ အကောင်းဆုံး ပူးပေါင်း ပါဝင်လျက်ရှိပါကြောင်း၊ မိမိတို့ ပြည်သူ့ကိုယ်စားလှယ်တွေကလည်း ပြည်သူ့ဘဏ္ဍာများ  သုံးစွဲမှုမှာ ထိရောက်အကျိုးရှိစေဖို့ ဘတ်ဂျက်ထိန်းကျောင်းစိစစ်ရေး လုပ်ငန်းများကို အားသွန်ခွန်စိုက် ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် ပြည်သူ့ဘဏ္ဍာသုံးစွဲမှုနှင့် စပ်လျဉ်းပြီး အစိုးရအဖွဲ့ရဲ့ လုပ်ဆောင်ချက်များကို မိမိတို့ ပြည်သူ့ကိုယ်စားလှယ်များဖြစ်ကြသည့် လွှတ်တော်ကိုယ်စားလှယ်များနှင့်အတူ ပြည်သူတစ်ရပ်လုံးကလည်း နိုင်ငံသားတာဝန် တစ်ရပ် အနေဖြင့် ပူးပေါင်းပါဝင်ကြစေလိုကြောင်း  ပြောကြားခဲ့ပါသည်။

   အဆိုပါ အခမ်းအနားသို့ ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစိုင်းလုံးဆိုင်၊ ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်များ၊ ရှမ်းပြည်နယ်လွှတ်တော်ရုံး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်နန်းမိုခမ်းနှင့် ဝန်ထမ်းများ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အာရှဖောင်ဒေး ရှင်းမှ တာဝန်ရှိသူများ၊ Reniaissance Institute မှ တာဝန်ရှိသူများ၊ အရပ်ဘက်လူမှု အဖွဲ့အစည်းများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက် ခဲ့ကြပါသည်။

date for calender: 
Wednesday, January 15, 2020 - 16:30

Theme Colors

Please select the following colors to preview different color schemes of the theme.