လာရောက်လေ့လာရန် လျှောက်ထားရမည့်အချက်များ

လေ့လာနိုင်မည့်အချိန်များ

ရုံးဖွင့်ရက်များဖြစ်သည့် တနင်္လာနေ့မှ သောကြာနေ့ များတွင် နံနက် ၀၉:၀၀နာရီမှ ညနေ ၁၆:၀၀နာရီအထိ လာရောက်လေ့လာနိုင်ပါသည်။

ပြည်သူများလာရောက်လေ့လာလိုပါက…….

ရှမ်းပြည်နယ်လွှတ်တော်ရုံးရှိ ဒုတိယညွှန်ကြားရေးမှူးချုပ်ထံသို့ လိပ်မူ၍ သုံးရက်ကြိုတင်ပေးပို့ရပါမည်။ Online မှ တဆင့်လျှောက်ထားမည်ဆိုပါကလည်း ရှမ်းပြည်နယ်လွှတ်တော်ရုံးသို့ သုံးရက်ကြိုတင်ပေးပို့ရပါမည်။

  • ခရီးသွား Tours ကုမ္ပဏီများမှ နိုင်ငံခြားဧည့်သည်များအားလွှတ်တော်သို့ လေ့လာရေးပို့ဆောင်ရာတွင် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ တဆင့်ဆက်သွယ်ဆောင်ရွက်ရပါမည်။ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ ရှမ်းပြည်နယ်လွှတ်တော်ရုံးသို့ သုံးရက်ကြိုတင်ပေးပို့ရပါမည်။

လာရောက်လေ့လာသူများအနေဖြင့်လိုက်နာရမည့်စည်းကမ်းများ

  •  လွှတ်တော်ဝင်/ထွက်ဂိတ်များတွင် လုံခြုံရေးအရ စစ်ဆေးခြင်းကို ကြည်ဖြူစွာခံယူရမည်။
  • လွှတ်တော်အစည်းအဝေးသို့တက်ရောက်လေ့လာစဉ် မှတ်သားစရာစာအုပ်နှင့် ဘောပင်မှ လွဲ၍ ဖုန်း၊ ကင်မရာစသည့် အီလက်ထရောနစ် ပစ္စည်းများ ယူဆောင်အသုံးပြုခြင်းမပြုရ။
  • လွှတ်တော်ရုံးမှ ကန့်သတ်ထားသော နေရာများသို့ သွားရောက်လေ့လာခွင့်မပြုရ။
  • အစည်းအဝေးခန်းအတွင်းသို့ အစားအသောက်များယူဆောင်ခြင်းမပြုရ။
  • လွှတ်တော်အစည်းအဝေးစတင်ကျင်းပပြုလုပ်ရန် ဥက္ကဌကြီးကြွရောက်လာစဉ်နှင့် ပြန်လည်ထွက်ခွာစဉ်ဧည်သည်များအားလုံးမတ်တပ်ထရပ်ပေးကြပါရန် နှင့် အခမ်းအနားမှူးမှ အားလုံးထိုင်နိုင်ပါပြီဆိုမှ ထိုင်ပေးကြပါရန်
  • လွှတ်တော်အစည်းအဝေးကျင်းပနေချိန်အတွင်းကိုယ်စားလှယ်များ လက်ခုပ်တီးသည့်အခါ ဧည့်သည်များဖြစ်သည့်အတွက် လက်ခုပ်မတီးကြပါရန်နှင့် အစည်းအဝေးမရပ်နား အပြီးဆုံးမီအပြင်သို့ လုံးဝထွက်ခွာခွင့် မပြုကြပါရန်
  • လေ့လာရေးစင်မြင့်တွင်နေရာယူသည့်အခါ ထိုင်ခုံပေါ်တွင် ဒူးထောက်ထိုင်ခြင်း၊ ရှေ့ခုံပေါ်ခြေထောက်တင်ခြင်း၊စားပွဲပေါ်မှောက်အိပ်ခြင်းမပြုလုပ်ရ။
  • မြန်မာယဉ်ကျေးမှုနှင့် မလျှော်ညီသောဝတ်စားဆင်ယင်မှုပုံစံကို ရှောင်ကြည်ရမည်။(ဥပမာ- စကတ်တို၊ဘောင်းဘီတို၊လည်ဟိုက်အင်္ကျီစသည်တို့ မဝတ်ဆင်ရ။

သို့
ဥက္ကဋ္ဌ
ရှမ်းပြည်နယ်လွှတ်တော်
ရှမ်းပြည်နယ်။

(အချက်အလက်ဖြည့်ပေးရန်။)