Thursday, August 13

ရှမ်းပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးစဝ်အောင်မြတ်၊ ရှမ်းပြည်နယ်လွှတ်တော် ဒေသန္တရစီမံကိန်းနှင့် ဘဏ္ဍာငွေအရအသုံးဆိုင်ရာ စိစစ်ရေးကော်မတီဝင်များက Asia Foundation မှ တာဝန်ရှိသူများအား လက်ခံတွေ့ဆုံ

0
42

ရှမ်းပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးစဝ်အောင်မြတ်သည် Asia Foundationမှ တာဝန်ရှိသူများအား ဖေဖော်ဝါရီလ ၂၂ ရက် နံနက်(၁၀:၃၀)နာရီတွင် ရှမ်းပြည်နယ် လွှတ်တော် ရေးရာကော်မတီ အခန်း(၁)၌ လက်ခံတွေ့ဆုံပါသည်။

ထိုသို့လက်ခံတွေ့ဆုံရာတွင် ရှမ်းပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌနှင့် Asia Foundation မှ အကြံပေး ဦးဇော်မင်းထွဋ် နှင့် လက်ထောက်အစီအစဉ် ညွှန်ကြားရေးအရာရှိ ဒေါ်စုမြတ်ထွန်း တို့က ရှမ်းပြည်နယ်လွှတ်တော် ဒေသန္တရစီမံကိန်းနှင့် ဘဏ္ဍာငွေ အရအသုံး ဆိုင်ရာ စိစစ်ရေး ကော်မတီ၏ လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ပါသည်။

ထို့နောက် မွန်းလွဲ (၁၃း၃၀)နာရီတွင် ရှမ်းပြည်နယ်လွှတ်တော် ဒေသန္တရစီမံကိန်းနှင့် ဘဏ္ဍာငွေအရအသုံးဆိုင်ရာ စိစစ်ရေးကော်မတီဝင်များနှင့် တွေ့ဆုံ၍ ကော်မတီ၏ လုပ်ငန်း တာဝန်များ၊ ဘတ်ဂျက်စိစစ်ရေးလုပ်ငန်းစဉ်များ၊ စီမံကိန်းရေးဆွဲရာတွင် ပါဝင်ဆောင်ရွက်မှု အခြေအနေများ အရပ်ဘက်လူမှုအဖွဲ့အစည်းများနှင့် ဆက်သွယ်ဆောင်ရွက်မှု အခြေအနေ များနှင့် ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာဆွေးနွေးကြပါသည်။

အဆိုပါတွေ့ဆုံပွဲသို့ ရှမ်းပြည်နယ်လွှတ်တော်ရုံး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်နန်းမိုခမ်းနှင့် တာဝန်ရှိသူများ တက်ရောက်ကြပါသည်။

Leave a reply