Monday, September 28

ဒုတိယအကြိမ်ရှမ်းပြည်နယ်လွှတ်တော် ဒသမပုံမှန်အစည်းအဝေး(ပထမနေ့)ကျင်းပ

0
16

တောင်ကြီး မေ ၂၈

ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် ဒသမပုံမှန်အစည်းအဝေး(ပထမနေ့)ကို မေ ၂၈ရက်၊ နံနက်(၁၀)နာရီအချိန်က ရှမ်းပြည်နယ်လွှတ်တော်အစည်းအဝေးခန်းမ ၌ ကျင်းပပြုလုပ် ခဲ့ပါသည်။ အစည်းအဝေးတွင် ကတိသစ္စာမပြုရသေးသည့် တပ်မတော်သား ကိုယ်စားလှယ်(၆)ဦး က ကတိသစ္စာပြု၍ ကတိသစ္စာပြုလွှာပေါ်တွင် လက်မှတ်ရေးထိုးခြင်း၊ လွှတ်တော်ကိုယ်စားလှယ် များ အစည်းအဝေးတက်ရောက်မှုကို မှတ်တမ်းတင်ခြင်း၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက နှုတ်ခွန်းဆက်စကားပြောကြားခြင်း၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ်က မိန့်ခွန်းပြောကြားခြင်း၊ ကိုယ်စားလှယ်(၁၂)ဦးမှ မေးခွန်း (၁၇)ခုအား မေးမြန်း၍ သက်ဆိုင်ရာ ပြည်နယ်အဆင့် အဖွဲ့အစည်းဝင်များက ပြန်လည်ဖြေကြား ခြင်း၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့၏ ၂၀၁၈ −၂၀၁၉ခု၊ ဘဏ္ဍာရေးနှစ် ရှမ်းပြည်နယ်၏ ရသုံးခန့်မှန်းခြေငွေစာရင်းအား တင်သွင်းခြင်း နှင့် ကိုယ်စားလှယ် တစ်ဦးမှ ဝမ်းနည်းကြောင်းအဆို(၁)ခု တင်သွင်းခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။
အဆိုပါအစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသည့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် (၁၄၃)ဦး ရှိသည့်အနက် (၁၂၆) ဦးတက်ရောက်ခဲ့ပြီး ၊ လေ့လာသူ(၆)ဦး လာရောက် လေ့လာခဲ့ကြပါသည်။ ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် ဒသမပုံမှန်အစည်းအဝေး (ပထမနေ့) ကို မွန်းလွဲ(၂)နာရီ(၂၅)မိနစ်အချိန်တွင် ရပ်နားခဲ့ကြောင်း သိရှိရသည်။

Leave a reply