Wednesday, October 21

ဒုတိယအကြိမ်ရှမ်းပြည်နယ်လွှတ်တော် ဒသမပုံမှန်အစည်းအဝေး(ဒုတိယနေ့)ကျင်းပ

0
17

တောင်ကြီး မေ ၂၉

ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် ဒသမပုံမှန်အစည်းအဝေး(ဒုတိယနေ့)ကို မေ ၂၉ရက်၊ နံနက်(၁၀)နာရီအချိန်တွင် ရှမ်းပြည်နယ်လွှတ်တော်အစည်းအဝေးခန်းမ ၌ ကျင်းပပြုလုပ် ခဲ့ပါသည်။ အစည်းအဝေးတွင် လွှတ်တော်ကိုယ်စားလှယ်များ အစည်းအဝေးတက်ရောက်မှုကို မှတ်တမ်းတင်ခြင်း၊ ကိုယ်စားလှယ်(၁၂)ဦးမှ မေးခွန်း (၁၇)ခုအား မေးမြန်း၍ သက်ဆိုင်ရာ ပြည်နယ်အဆင့် အဖွဲ့အစည်းဝင်များက ပြန်လည်ဖြေကြားခြင်း နှင့် ကိုယ်စားလှယ်တစ်ဦးမှ အဆို(၁)ခု တင်သွင်းခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။
အဆိုပါအစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသည့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် (၁၄၃)ဦး ရှိသည့်အနက် (၁၁၉) ဦးတက်ရောက်ခဲ့ပြီး ၊ လေ့လာသူ(၄)ဦး လာရောက် လေ့လာခဲ့ကြပါသည်။ ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် ဒသမပုံမှန်အစည်းအဝေး (ဒုတိယနေ့) ကို မွန်းလွဲ(၁)နာရီ(၅၀)မိနစ်အချိန်တွင် ရပ်နားခဲ့ကြောင်း သိရှိရသည်။

Leave a reply