Saturday, October 31

ဒုတိယအကြိမ်ရှမ်းပြည်နယ်လွှတ်တော် (၁၁)ကြိမ်မြောက်ပုံမှန်အစည်းအဝေး(ပထမနေ့)ကျင်းပ

0
18

တောင်ကြီး စက်တင်ဘာ ၁၇

ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် (၁၁)ကြိမ်မြောက်ပုံမှန် အစည်းအဝေး (ပထမနေ့)ကို ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ ၁၇ရက်၊ နံနက်(၁၀)နာရီအချိန်တွင် ရှမ်းပြည်နယ်လွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေး တွင် လွှတ်တော်ကိုယ်စားလှယ်များ အစည်းအဝေးတက်ရောက်မှုကို မှတ်တမ်းတင်ခြင်း၊ ကိုယ်စားလှယ်(၁၀)ဦးမှ မေးခွန်း(၁၁)ခုအား မေးမြန်း၍ သက်ဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ဖြေကြားခြင်းနှင့် ၂၀၁၈−၂၀၁၉ ဘဏ္ဍာရေးနှစ် ရှမ်းပြည်နယ်၊ ဒေသန္တရစီမံကိန်းဥပဒေကြမ်းအား ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ စီမံကိန်း နှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးညွန့်လွင်(ခ)ဦးစိုးကြီးက လည်းကောင်း၊ ၂၀၁၈-၂၀၁၉ ခု၊ ဘဏ္ဍာရေးနှစ် ရှမ်းပြည်နယ်၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေကြမ်းအား ရှမ်း ပြည်နယ်အစိုးရအဖွဲ့၊ ဘဏ္ဍာရေးဝန်ကြီး ဦးစိုင်းရှဲန်တစ်လုံက လည်းကောင်း အစီရင်ခံစာ တင်သွင်းခဲ့ကြပါသည်။

ထို့နောက် နမ့်စန်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးလင်းအောင်ဆွေက “တိုင်းရင်းသားလူမျိုးစုများ၏ ဓလေ့ထုံးတမ်း အစဉ်အလာ၊ ရိုးရာယဉ်ကျေးမှုများကို ပိုမိုထိရောက်သော အကာအကွယ်ပေးရေးနှင့် တိုင်းရင်းသားများ၏ အခြေချရာနေရာများသို့ တာဝန်ရှိသူ အသီးသီးက စဉ်ဆက်မပြတ် ထိတွေ့ကွင်းဆင်းဆောင်ရွက်ပေးနိုင်ရေး ရှမ်းပြည်နယ်အစိုးရအား တိုက်တွန်းကြောင်း” အဆိုတင်သွင်းခဲ့ရာ မိုင်းယန်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးတင်ဝင်းက ထောက်ခံဆွေးနွေးပြီး ၎င်းအဆိုကို လက်ခံဆွေးနွေးရန် သင့်/ မသင့် လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ လွှတ်တော်က သဘောတူသဖြင့် အဆို ကို စက်တင်ဘာလ(၁၈)ရက်၊အင်္ဂါနေ့တွင် ဆွေးနွေးသွားမည် ဖြစ်ပါသည်။

အဆိုပါအစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသည့် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် (၁၄၃)ဦး ရှိသည့်အနက် (၁၂၅) ဦးတက်ရောက်ခဲ့ပြီး sလေ့လာသူ(၅)ဦး လာရောက် လေ့လာခဲ့ကြပါသည်။ ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် (၁၁)ကြိမ် မြောက် ပုံမှန်အစည်းအဝေး (ပထမနေ့) ကို နေ့လယ်(၁၁)နာရီ(၅၅)မိနစ်အချိန်တွင် ရပ်နားခဲ့ပါသည်။

Leave a reply