Monday, July 13

ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် အထူးအစည်းအဝေး(၁/၂၀၁၉) ဒုတိယနေ့ ကျင်းပ

0
7

အထူးအစည်းအဝေး(၁/၂၀၁၉) ဒုတိယနေ့ ကျင်းပ

တောင်ကြီး ဇူလိုင် ၉

ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် အထူးအစည်းအဝေး(၁/၂၀၁၉)၊ (ဒုတိယနေ့) ကို ၂၀၁၉ ခုနှစ် ဇူလိုင်လ ၉ ရက် (အင်္ဂါနေ့) နံနက်(၁၀)နာရီအချိန်တွင် ရှမ်းပြည်နယ်လွှတ်တော် အစည်းအဝေးခန်းမ၌ကျင်းပရာ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ် လွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ တပ်မတော်သားကိုယ်စားလှယ် များ၊ လေ့လာသူများ တက်ရောက်ကြသည်။

အစည်းအဝေးတွင် ရှမ်းပြည်နယ်လွှတ်တော်ရုံး ညွှန်ကြားရေးမှူး ဦးလှမျိုးက အခမ်းအနားမှူး အဖြစ်ဆောင်ရွက်သည်။

အစည်းအဝေး မတက်ရောက်နိုင်သော ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် (၁၉)ဦးတို့ အတွက် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များစိစစ်ရေးကော်မတီ ဥက္ကဋ္ဌ၊ နမ့်စန်မြို့နယ် မဲဆန္ဒနယ် အမှတ် (၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလင်းအောင်ဆွေက ခွင့်ပန်ကြားပြီး ပြည်နယ်လွှတ်တော် မှ သဘောတူကြောင်းနှင့် အစည်းအဝေးအထမြောက်မှုကို လွှတ်တော်မှအတည်ပြုကြောင်း ကြေညာပါသည်။

ဆက်လက်၍ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက အစည်းဝေးတက်ရောက်ခွင့်ရှိသူ လွှတ်တော် ကိုယ်စားလှယ် (၁၄၀)ဦး ရှိသည့်အနက် ခွင့်ပန်ကြားသူ(၁၉)ဦးရှိပြီး အစည်းအဝေးသို့ (၁၂၁)ဦး တက်ရောက်သဖြင့် (၈၆.၄၃)% ရှိသောကြောင့် အစည်းအဝေးအထမြောက်ကြောင်းနှင့် ဒုတိယနေ့ အစည်းအဝေးစတင်ကျင်းပကြောင်း ကြေညာပါသည်။

၎င်းနောက် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်(၆)ဦးမှ ကြယ်ပွင့်ပြမေးခွန်း(၈)ခု မေးမြန်းရာ မိုင်းယန်းမြို့နယ် မဲဆန္ဒနယ်အမှတ်(၂)၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးတင်ဝင်းက “မိုင်းယန်းမြို့နယ်၊ မိုင်းလွေကျေးရွာအုပ်စုရှိ နမ့်မုတ်၊ နောင်ဟွိုင်နှင့် ဝမ်အိုက်ကျေးရွာများ၊ မိုင်းခတ်မြို့နယ်နှင့် ဆက်စပ်လျက်ရှိသောကျေးရွာများတွင် တယ်လီဖုန်းလိုင်းဆက်သွယ်ရေး ဆောင်ရွက်ပေးနိုင်မှု” နှင့် စပ်လျဉ်းသည့်မေးခွန်းအားမေးမြန်းရာ ပြည်နယ်လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးဦးခွန်ရဲထွေး မှလည်းကောင်း၊ မိုင်းကိုင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းလုံက “အခြေခံပညာကျောင်းများတွင် တိုင်းရင်းသားစာပေဘာသာစကား သင်ကြားမည့်ဆရာ/ဆရာမလောင်းများအား ယခုစာသင်နှစ် (၂၀၁၉-၂၀၂၀) တွင်ခန့်ထားပေးရန် အစီအစဉ်ရှိ/မရှိ” နှင့်စပ်လျဉ်းသည့် မေးခွန်းအားမေးမြန်းရာ ပြည်နယ်လူမှုရေးဝန်ကြီးဒေါက်တာ မျိုးထွန်းမှလည်းကောင်း၊ တောင်ကြီးမြို့နယ် မဲဆန္ဒနယ်အမှတ်(၂)၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်ဦးခွန်သူရအောင်က “တောင်ကြီးဆေးတက္ကသိုလ်ရှေိ့ရှိ ကုန်တင်ကားကြီးစခန်းအား ဆောက်လုပ်ပြီးစီးသည့် ခေတ်မီအဆင့်မြင့်ယာဉ်ရပ်နားစခန်းသို့ ပြောင်းရွှေ့ရန်နှင့် နေရာဟောင်း တွင် ရှမ်းပြည်နယ်၏ကျန်းမာရေးဇုန်နေရာအဖြစ် သတ်မှတ်ပေးရန် အစီအစဉ် ရှိ/မရှိ”နှင့်စပ် လျဉ်းသည့် မေးခွန်းအားမေးမြန်းရာ ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးစိုင်းလုံကျော်မှလည်းကောင်း၊ ကလောမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးသန်းထိုက်က “တောင်ကြီးမြို့၊ မြို့ရှောင်လမ်းဖောက်လုပ်ပေးရန် အစီအစဉ် ရှိ/ မရှိ” နှင့်စပ်လျဉ်းသည့် မေးခွန်းအားမေးမြန်းရာ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခွန်ရဲထွေး မှလည်းကောင်း၊ “ ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ၂၀၁၆-၂၀၁၇ခု ၊ ဘဏ္ဍာရေးနှစ်၊ ၂၀၁၇-၂၀၁၈ ခု ဘဏ္ဍာရေးနှစ်အတွက် ရှမ်းပြည်နယ်စာရင်းစစ်ချုပ်၏ စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာ အပိုဒ်(၁၅)၊ (၁၆)” နှင့် နှင့်စပ်လျဉ်းသည့် မေးခွန်းအားမေးမြန်းရာ ပြည်နယ်လျှပ်စစ်၊ စွမ်းအင်နှင့် စက်မှုဝန်ကြီး ဦးစိုင်းရှဲန်တစ်လုံမှလည်းကောင်း၊ မိုင်းပျဉ်းမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းလှဝင်းက “ မိုင်းပျဉ်းမြို့နယ်ရှိ ယမ်းခမ်းကျေးရွာအုပ်စု၊ ကောင်းခမ်းကျေးရွာ၊ ဖာဝေါကျေးရွာအုပ်စု၊ တောင်သုံးလုံးကျေးရွာနှင့် ယမ်းမိုင်ကျေးရွာအုပ်စု၊ ပိန်းမုံကျေးရွာများတွင် စိမ့်စမ်းရေသွယ်လုပ်ငန်းများ ဆောင်ရွက်ပေးရန်အစီအစဉ်ရှိ/မရှိ” နှင့် စပ်လျဉ်းသည့်မေးခွန်းအားမေးမြန်းရာ ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးစိုင်းလုံကျော်မှ လည်းကောင်း၊ “ မိုင်းပျဉ်းမြို့၊ ဝမ်ဖြစ်ကျေးရွာအုပ်စုအတွင်းရှိ သတ်မှတ်အမှိုက် ကျင်းမြေနေရာသွားလမ်းကို ကျောက်ရောမြေသားလမ်း ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ” နှင့် စပ်လျဉ်းသည့်မေးခွန်းအားမေးမြန်းရာ ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းစွံဆိုင်းမှ လည်းကောင်း၊ မိုင်းဆတ်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဒါဝိဒ်က “မိုင်းဆတ်မြို့နယ်အတွင်းရှိ မိုင်းတွမ်းတောင်ပေါ်ကျေးရွာအုပ်စု၊ မိုင်းလုံးကျေးရွာ အုပ်စုနှင့် မိုင်းခုတ်မြို့အထိမြေသားလမ်း (၂၂) မိုင်အား ကျောက်ချောလမ်းအဖြစ် အဆင့်မြှင့်တင် ပေးရန် အစီအစဉ်ရှိ/မရှိ” နှင့်စပ်လျဉ်းသည့်မေးခွန်းအားမေးမြန်းရာ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ် ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှဦးမှလည်းကောင်း အသီးသီးပြန်လည်ဖြေကြားကြပါသည်။

ထို့နောက် ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် အထူးအစည်းအဝေး(၁/၂၀၁၉) (ဒုတိယနေ့)ကို နံနက် (၁၁)နာရီ (၂၀) မိနစ်အချိန်တွင် ပြီးစီးကြောင်းကြေညာပြီး အစည်းအဝေး (တတိယနေ့)ကို ဇူလိုင်လ (၁၀)ရက်နေ့ နံနက်(၁၀)နာရီအချိန်တွင် ဆက်လက်ကျင်းပပြုလုပ်သွားမည်ဖြစ်ပါသည်။

Leave a reply