Tuesday, October 27

ဒုတိယဗိုလ်မှူးကြီး ရဲနိုင်ထွန်း

0
62
၁။အမည် ဒုတိယဗိုလ်မှူးကြီး ရဲနိုင်ထွန်း
၂။အခြားအမည် ရဲဝဏ္ဏထွန်း
၃။လူမျိုး/ဘာသာ ဗမာ/ဗုဒ္ဓ
၄။နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ် ၁၂/လမန(နိုင်)၁၂၆၄၀၂
၅။မွေးသက္ကရာဇ်/အသက် ၂၂.၇.၁၉၇၉၊ ၄၁နှစ်။
၆။မွေးဖွားရာဇာတိ အမှတ်-၁၀၃၆၊ ဘုရင့်နောင်လမ်းမ၊ ရွှေပြည်သာမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး။
၇။ပညာအရည်အချင်း သိပ္ပံဘွဲ့(စစ်တက္ကသိုလ်)၊

မဟာအင်ဂျင်နီယာ(နည်းပညာ)၊

သိပ္ပံဘွဲ့(ရုရှား)။

၈။လက်ရှိအလုပ်အကိုင် စစ်မှုထမ်း၊ အမှတ်(၁)၊ အရာခံနှင့် အကြပ်ကြီးသင်ကျောင်း။
၉။အဘအမည်/အလုပ်အကိုင် ဦးအောင်မြင့်၊ ၁၂/လမန(နိုင်)၀၂၉၉၅၈၊ ကုန်သည်။
၁၀။အမိအမည်/အလုပ်အကိုင် ဒေါ်အုန်းကြည်/ကွယ်လွန်၊
၁၁။ဇနီး/ခင်ပွန်းအမည်/အလုပ်အကိုင် ​ဒေါ်ရည်မွန်ဝင်း/မှီခို။
၁၂။သား/သမီးအမည်/အလုပ်အကိုင် မောင်ခန့်ထူးနိုင်/မှိခို။
၁၃။အမြဲတမ်းနေရပ်လိပ်စာ အခန်း(၆)၊ တိုက်(၅၂၁၀)၊ ဝဏ္ဏသိဒ္ဓိရပ်ကွက်၊ နေပြည်တော်
၁၄။ကိုယ်စားပြုပါတီ/တစ်သီးပုဂ္ဂလ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်
၁၅။ရွေးချယ်တင်မြောက်ခြင်းခံရသည့်မဲဆန္ဒနယ် ပြည်နယ်လွှတ်တော်
၁၆။ဖြစ်စဉ်အကျဉ်းချုပ် (ယနေ့အထိ) (က) ပညာသင်ကြားခဲ့ဖူးသောကျောင်းများကိုဖော်ပြရန်

– အ.မ. က(၃)၊ လှိုင်မြို့နယ်။

­­- အ.ထ.က(၃)၊ လှိုင်မြို့နယ်။

– စစ်တက္ကသိုလ်။

(ခ)  လုပ်ကိုင်ခဲ့ဖူးသည့် အလုပ်အကိုင်၊ပြောင်းရွေ့နေထိုင် ခဲ့သည့် နေရာဌာနများဖော်ပြရန်

– တပ်စုမှူး၊ တပ်ခွဲမှူး၊ ခမရ(၃၂၇)၊

– လက်ထောက်ကထိက၊ စစ်တက္ကသိုလ်

– ဌာနချုပ်တပ်ခွဲမှူး၊ ခလရ(၂၈၀)၊

– စစ်ဦးစီးမှူး(ဒုတိယတန်း)၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်၊

– ဒုတိယတပ်ရင်မှူး၊ ခမရ(၅၄၁)

– တပ်ရင်းမှူး၊ ခမရ(၂၁၃)

– ဒုတိယကျောင်းအုပ်ကြီး/ နည်းပြအရာရှိချုပ်၊ အမှတ်(၁)၊ အရာခံနှင့် အကြပ်ကြီးသင်ကျောင်း။

(ဂ)   ထမ်းဆောင်ခဲ့ဖူးသည့် နိုင်ငံရေး/လူမှုရေး လုပ်ငန်း ဆောင်ရွက်ချက်များဖော်ပြရန်

– မရှိပါ။

(ဃ)ပြစ်မှု/ပြစ်ဒဏ်ကျခံဖူးခြင်း ရှိ/မရှိ (ရှိပါက ဖြစ်စဉ်အသေးစိတ်ဖော်ပြရန် )

– စစ်တက္ကသိုလ်၊ စာပေဌာန(ဘွဲ့လွန်)တွင် ၆.၆.၂၀၁၆ရက်နေ့မှ ၁၈.၅.၂၀၁၇ရက်နေ့အထိ ဖွင့်လှစ်သည့် ရုရှားဘာသာ စကားဒီပလိုမာ (အချိန်ပြည့်၁နှစ်) သင်တန်း အမှတ်စဉ်(၂) သို့ တက်ရောက်ရန် သင်တန်းသားစေလွှတ်ရာတွင် စနစ်တကျစိစစ် ရွေးချယ်မှုမရှိခြင်း၊ သင်တန်းစေလွှတ်ချိန် တွင် သင်တန်းသားအရာရှိအား ခေါ်ယူတွေ့ဆုံမှုမရှိခြင်း၊ ကြပ်မတ်ကွပ်ကဲရန် အားနည်းခြင်း၊ လိုအပ်သည်များမှာကြားမှုမရှိခြင်း၊ အခက်အခဲမေးမြန်းမှုမရှိခြင်း၊ မိမိအလုပ်ကို စိတ်ဝင်စားမှုအားနည်းခြင်း၊ မိမိလုပ်ဆောင်ရမည့် တာဝန်အားနည်းခြင်းတို့ကြောင့် စေလွှတ်ရသည့် သင်တန်းသား အရာရှိဖြစ်သော ကြည်း ၅၄၇၄၀ ဗိုလ်ကြီး အောင်မျိုးသည် စစ်တက္ကသိုလ်၊ စာပေဌာန(ဘွဲ့လွန်)တွင် ၁၀.၁.၂၀၀၁ရက်နေ့မှ ၂.၉.၂၀၁၁ရက်နေ့ထိ ဖွင့်လှစ်ခဲ့သော ရုရှားဘာသာစကား အောင်မြင်ကြောင်း အသိအမှတ်ပြု လက်မှတ်(Certificate)ရရှိခဲ့ပြီးဖြစ်ကြောင်း သိရှိပြီးဖြစ် သော်လည်း အထက်ဌာနသို့တင်ပြရန် ပျက်ကွက်ခြင်းတို့ ကြောင့် အရာရှိသည် ယခုတက်ရောက်ဆဲသင်တန်းအား တက်ရောက်ရန် ဆန္နမရှိကြောင်းကိုယ်တိုင်ရေးလျှောက်လွှာ၊ အသိအမှတ်ပြုလက်မှတ်(Certificate)မိတ္တူ တို့နှင့်အတူ တင်ပြလျှောက်ထားခဲ့သည်အထိ ကြပ်မတ်ကွပ်ကဲမှု၊ မိမိအလုပ်အပေါ် စိတ်ပါဝင်စားမှုအားနည်းခဲ့ ကြောင်း တွေ့ရှိရသဖြင့် ၁၈.၇.၂၀၁၆ရက်နေ့ (၁၅၄၅)နာရီချိန်တွင် အမှတ်(၁၁)ခြေမြန်တပ်မဌာနချုပ်၊ တပ်မှူး ပြန်တမ်းဝင်အမှတ်၊ ကြည်း ၂၁၄၄၀ဗိုလ်မှူးချုပ် ရဲဝင်းဦးမှ အပြစ်ဖော်ပြ သတိပေးဆုံးမပြုလုပ်ခဲ့သည်။

(င)ချီးမြှင့်ခံရသော ဘွဲ့ထူး၊ ဂုဏ်ထူး

– နိုင်ငံတော်စစ်မှုထမ်းတံဆိပ်၊

– ပြည်သူ့စစ်တိုက်ပွဲဝင်တံဆိပ်၊

– ခြေလျင်တပ်စုမှူးသင်တန်းတံဆိပ်၊

– ခြေလျင်တပ်ခွဲမှူးသင်တန်းတံဆိပ်၊

– ခြေလျင်တပ်ရင်းမှူးသင်တန်းတံဆိပ်၊

– တိုက်ပွဲတံဆိပ်(လောက်ကိုင်)၊

– တိုက်ပွဲတံဆိပ်(ရွှေလင်းယုန်)၊

– စစ်ဦးစီးတက္ကသိုလ်သင်တန်းတံဆိပ်၊

(စ)အခြားဖော်ပြရန် ရှိသည်များ

– မရှိပါ။

 

Leave a reply