Tuesday, October 27

ဒေါ်နန်းစမ်းစမ်းအေး (သီပေါမြို့နယ် မဲဆန္ဒနယ်- ၁)

0
39

 

၁။အမည် ဒေါ်နန်းစမ်းစမ်းအေး
၂။အခြားအမည် နန်းဇမ်အင်း
၃။လူမျိုး/ဘာသာ ရှမ်း/ဗုဒ္ဓ
၄။နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ် ၁၃/သပန (နိုင်)၀၆၀၅၅၆
၅။မွေးသက္ကရာဇ်/အသက် ၁၆.၁၂.၁၉၈၆(၃၀)နှစ်
၆။မွေးဖွားရာဇာတိ နောင်ကော်ကြီးရွာ၊ သီပေါမြို့နယ်
၇။ပညာအရည်အချင်း မဟာအင်ဂျင်နီယာဘွဲ့( လျှပ်စစ်နှင့်စွမ်းအင်)
၈။လက်ရှိအလုပ်အကိုင် အင်ဂျင်နီယာ
၉။အဘအမည်/အလုပ်အကိုင် ဦးစိုင်းခမ်းခေါင်/တောင်ယာ
၁၀။အမိအမည်/အလုပ်အကိုင် ဒေါ်နန်းယုဆာ/တောင်ယာ
၁၁။ဇနီး/ခင်ပွန်းအမည်/အလုပ်အကိုင် ဒေါက်တာစိုင်းသိန်းဝင်း၊ ဆရာဝန်
၁၂။သား/သမီးအမည်/အလုပ်အကိုင် မရှိ
၁၃။အမြဲတမ်းနေရပ်လိပ်စာ နောင်ကော်ကြီးရွာ၊ သီပေါမြို့နယ်
၁၄။ကိုယ်စားပြုပါတီ/တစ်သီးပုဂ္ဂလ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်
၁၅။ရွေးချယ်တင်မြောက်ခြင်းခံရသည့်မဲဆန္ဒနယ် သီပေါ၊ မဲဆန္ဒနယ်(၁)၊ ပြည်နယ်လွှတ်တော်
၁၆။ဖြစ်စဉ်အကျဉ်းချုပ် (ယနေ့အထိ) (က) ပညာသင်ကြားခဲ့ဖူးသောကျောင်းများကို

ဖော်ပြရန်

– ၁၉၉၂-၁၉၉၆ထိ သူငယ်တန်းမှတတိယ တန်း၊မူလတန်းလွန်ကျောင်း၊ နောင်ကော်ကြီး ကျေးရွာ၊ သီပေါမြို့နယ်၊

– ၁၉၉၆-၂၀၀၂ ထိစတုတ္ထတန်းမှ နဝမ တန်းထိ၊ အထက(၁) သီပေါ၊

– ၂၀၀၂-၂၀၀၃ ထိဒသမတန်း၊ အထက(၂) ပြင်ဦးလွင်

– ၂၀၀၃-၂၀၀၈ထိ နည်းပညာတက္ကသိုလ် (လားရှိုး)၊ လျှပ်စစ်အထူးပြုဘာသာရပ်၊

– ၂၀၀၉-၂၀၁၀ထိ၊ လျှပ်စစ်အထူးပြုဘွဲ့ (ဘွဲ့လွန်)၊  နည်းပညာတက္ကသိုလ် (လားရှိုး)၊ ကျမ်းမပြုရသေး၊

– ၂၀၁၃သြဂုတ်လ-၂၀၁၅မေလထိ၊ စွမ်းအင် နည်းပညာ အထူးပြုဘာသာရပ်(ဘွဲ့လွန်)၊ အေအိုင်တီ၊ ဘန်ကောက်၊ ထိုင်းနိုင်ငံ။

– ကျမ်းပြု-နေစွမ်းအင်မှတစ်ဆင့် ရေနွေးငွေ့ ဖြင့် ထမင်းချက်သောစနစ်တည်ဆောက်ခြင်း၊ (Design and analysis: Solar Scheffler Steam Cooker)

(ခ) လုပ်ကိုင်ခဲ့ဖူးသည့် အလုပ်အကိုင်၊ ပြောင်းရွှေ့ နေထိုင်ခဲ့သည့် နေရာဌာနများဖော်ပြရန်

–  ၂၀၀၃  မတ်လမှဇူလိုင်ထိ ၁၀တန်းဂိုက်ဆရာမ၊ ပညာတံခွန် ဘော်ဒါဆောင်၊ ပြင်ဦးလွင်မြို့၊ ၂၀၁၃ ဇူလိုင်မှ ဒီဇင်ဘာလ ထိကျေးရွာကော်မတီခန့် မူလတန်း ကျောင်းဆရာမ၊ နောင်ကော်ကြီး၊ သီပေါ မြို့နယ်၊၂၀၀၆ခုနှစ်၊ ၂၀၀၇ ခုနှစ် အတွင်း ၁၀တန်း ဂိုက်ဆရာမ၊ လားရှိုးမြို့၊၂၀၁၁-၂၀၁၂ထိ အစီအစဉ် ချမှတ်ရေး အရာရှိ (Program Associate)  အက်ရှင်အေ့-မြန်မာ(Action Aid-Myanmar) လပ္ပတ္တာမြို့နယ်၊ ဧရာဝတီတိုင်း။

(ဂ)  ထမ်းဆောင်ခဲ့ဖူးသည့် နိုင်ငံရေး/လူမှုရေး လုပ်ငန်း  ဆောင်ရွက်ချက်များဖော်ပြရန်

– ၂၀၀၂-၂၀၀၈ ကျောင်းတွင်းရှမ်းစာပေနှင့် ယဉ်ကျေးမှုအသင်းလှုပ်ရှားမှုအမျိုးမျိုးတွင်ဦးဆောင် ပါဝင်ခဲ့၊

– ၂၀၀၈ တွင် ရှမ်းတိုင်းရင်းသားဒီမိုကရေစီ အဖွဲ့ချုပ်မှဦးစီးကျင်းပသောရှမ်းလူငယ်အစည်းအရုံး ဖွဲ့စည်းခြင်းတွင်ကနဦးအမြုတေအဖြစ်ပါဝင်လှုပ်ရှား၊ ၂၀၁၁တွင်ဇွန်လမှသြဂုတ်လ အထိ SIIT ပထမ အသုတ်ရှမ်းလူငယ်စွမ်းရည်မြှင့်တင်ရေးသင်တန်းတွင် သင်တန်း ဆရာမအဖြစ် ပါဝင်၊

-၂၀၁၂ ခုနှစ်မှ ၂၀၁၃ ခုနှစ်အထိ ရှမ်း တိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်(ရုံးချုပ်)၊     လူငယ်လှုပ်ရှားမှုများတွင်ဝန်းရံ အင်အားအဖြစ်ပါဝင်ဆောင်ရွက်ခဲ့၊ ၂၀၁၅ ခုနှစ် ဇွန်လတွင် လူငယ်စွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းကို နမ့်လန်တွင် သင်တန်းဆရာမ အဖြစ် သင်တန်းပေးခဲ့၊

(ဃ) ပြစ်မှု/ပြစ်ဒဏ်ကျခံဖူးခြင်း ရှိ/မရှိ (ရှိပါက ဖြစ်စဉ်အသေးစိတ်ဖော်ပြရန် )

– မရှိပါ။

(င) ချီးမြှင့်ခံရသော ဘွဲ့ထူး၊ဂုဏ်ထူး

– မရှိပါ။

(စ) အခြားဖော်ပြရန်ရှိသည်များ

– ၂၀၁၀ သြဂုတ်လ ၁၂ ရက်နေ့မှ နိုဝင်ဘာလ၄ ရက်နေ့ထိ ထိုင်းနိုင်ငံချင်းမိုင်တက္ကသိုလ်တွင် ကျင်းပ ပြုလုပ်ခဲ့သော ​CDCE(Community Development & Civic Empowerment) သင်တန်းတွင် တက်ရောက်ခဲ့သည်။

– ၂၀၁၁ စက်တင်ဘာလ၄ ရက်နေ့မှ ဒီဇင်ဘာလ ၄ ရက်နေ့ထိ နီပေါနိုင်ငံ ခတ္တမန္ဒုမြို့တွင် ကျင်းပ ပြုလုပ်ခဲ့သော Global Changers သင်တန်းတွင် တက်ရောက်ခဲ့သည်။ ၂၀၁၁ ခုနှစ်အတွင်း Myanmar Egress Governance &State/ Building/ Social Enterprising စသောနိုင်ငံရေး သဘောတရားဆိုင်ရာ သင်တန်း အမျိုးမျိုးကို တက်ရောက်ခဲ့ဖူးသည်။

– ၂၀၁၄ ဇူလိုင်လအတွင်း လာအိုနိုင်ငံတွင် ကျင်းပ ပြုလုပ်ခဲ့သော စွမ်းအင်ပြန်လည်ဖွံ့ဖြိုးမြဲ ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို တက်ရောက်ခဲ့သည်။ ၎င်းအလုပ်ရုံဆွေးနွေးပွဲသို့ အရှေ့တောင်အာရှနိုင်ငံ ပေါင်းစုံမှ စွမ်းအင်ဆိုင်ရာ အစိုးရအရာရှိများစွာ တက်ရောက်ခဲ့သည်။

 

Leave a reply