Tuesday, September 29

လွှတ်တော်ဥက္ကဋ္ဌ ကိုယ်ရေးမှတ်တမ်းအကျဉ်းချုပ်

0
118
၁။အမည် ဦးစိုင်းလုံးဆိုင်
၂။အခြားအမည် မရှိပါ။
၃။လူမျိုး/ဘာသာ ရှမ်း/ဗုဒ္ဓ
၄။နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ် ၁၃/ကတန(နိုင်)၀၀၅၂၄၉
၅။မွေးသက္ကရာဇ်/အသက် ၁၈.၄.၁၉၄၇ (၇၀နှစ်)
၆။မွေးဖွားရာဇာတိ ကျိုင်းတုံမြို့
၇။ပညာအရည်အချင်း B.Sc(Maths),Dip.Ed.
၈။လက်ရှိအလုပ်အကိုင် လ/ထ ကြီးကြပ်ရေးမှူး၊ သင်္ချာ၊ ပညာရေး(ငြိမ်း)
၉။အဘအမည်/အလုပ်အကိုင် ဦးနွံ(ကွယ်လွန်)
၁၀။အမိအမည်/အလုပ်အကိုင် ဒေါ်နန်းစမ်ဇင်း (ကွယ်လွန်)
၁၁။ဇနီး/ခင်ပွန်းအမည်/အလုပ်အကိုင်
၁၂။သား/သမီးအမည်/အလုပ်အကိုင်
၁၃။အမြဲတမ်းနေရပ်လိပ်စာ ၆(က) မိုင်းယန်းလမ်း၊ ဆွန်လောက်ရပ်၊ ရပ်ကွက်(၄)၊ ကျိုင်းတုံမြို့
၁၄။ကိုယ်စားပြုပါတီ/တစ်သီးပုဂ္ဂလ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ
၁၅။ရွေးချယ်တင်မြောက်ခြင်းခံရသည့်မဲဆန္ဒနယ် ကျိုင်းတုံ၊ မဲဆန္ဒနယ်(၁)
ဖြစ်စဉ်အကျဉ်းချုပ် (ယနေ့အထိ) (က)ပညာသင်ကြားခဲ့ဖူးသောကျောင်းများကို ဖော်ပြရန်

-၁၉၅၄ မှ ၁၉၆၅ ခုနှစ် စိန်မေရီကျောင်း၊ ကျိုင်းတုံမြို့ ။ သူငယ်တန်းမှ ဒသမတန်း

-၁၉၆၅ မှ ၁၉၆၇ခုနှစ် တောင်ကြီး ဥပစာကောလိပ် ပထမနှစ် ၊ ဒုတိယနှစ် (သင်္ချာ)

-၁၉၆၇ မှ ၁၉၆၉ ခုနှစ် မန္တလေး အဝေးသင်တက္ကသိုလ်၊ တတိယနှစ်၊ စတုတ္ထနှစ်

-၁၉၈၀ခုနှစ် တွင် ပညာရေးတက္ကသိုလ်၊ ရန်ကုန်ပညာရေးဒီပလိုမာ

(ခ)လုပ်ကိုင်ခဲ့ဖူးသည့် အလုပ်အကိုင်၊ ပြောင်းရွေ့နေထိုင်ခဲ့သည့် နေရာဌာနများ ဖော်ပြရန်

-၁၉၇၀ မှ ၁၉၈၁ ခုနှစ် အလယ်တန်းပြဆရာ၊ အထက(၂)၊ (ကျိုင်းတုံမြို့)

-၁၉၈၁မှ ၁၉၈၅ခုနှစ် အထက်တန်းပြဆရာ၊ အထက(၁)၊ (ကျိုင်းတုံမြို့)

-၁၉၈၅ မှ ၁၉၈၈ ခုနှစ် မြို့နယ်ကောင်စီအလုပ်အမှုဆောင် (ကျိုင်းတုံမြို့)

– ၁၉၈၉ မှ ၂၀၀၀ ခုနှစ် အထက်တန်းပြ၊ အထက(၃)၊ (ကျိုင်းတုံမြို့)

-၂၀၀၀ မှ ၂၀၀၇ ခုနှစ် လ/ထ ကြီးကြပ်ရေးမှူး(သင်္ချာ) (တွဲဖက်ပြည်နယ်ပညာရေးမှူး)၊ ကျိုင်းတုံမြို့ (ရှမ်း/ရှေ့)

(ဂ)ထမ်းဆောင်ခဲ့ဖူးသည့် နိုင်ငံရေး/လူမှုရေး လုပ်ငန်းဆောင်ရွက်ချက်များဖော်ပြရန်

-ကျိုင်းတုံမြို့နယ် ပြည်သူ့ ကောင်စီ (အလုပ်အမှုဆောင် အဖွဲ့)၊ ပြည်ခိုင်ဖြိုးအသင်း (ခရိုင်နှင့် ပြည်နယ်အတွင်းရေးမှူး) ကျိုင်းတုံမြို့နယ်ယဉ်ကျေးမှုအဖွဲ့ဥက္ကဋ္ဌ

-ပထမအကြိမ် ရှမ်းပြည်နယ်လွှတ်တော် ၊ ဥက္ကဋ္ဌ

(ဃ) ပြစ်မှု/ပြစ်ဒဏ်ကျခံဖူးခြင်း ရှိ/မရှိ (ရှိပါက ဖြစ်စဉ်အသေးစိတ်ဖော်ပြရန် )

-မရှိပါ။

(င) ချီးမြှင့်ခံရသော ဘွဲ့ထူး ၊ ဂုဏ်ထူး

-မရှိပါ။

(စ) အခြားဖော်ပြရန် ရှိသည်များ

-မရှိပါ

 

Leave a reply