Friday, October 23

ဦးစိုင်းစိန်လူ (သိန္နီမြို့နယ် မဲဆန္ဒနယ်- ၂)

0
35
၁။အမည် ဦးစိုင်းစိန်လူ
၂။အခြားအမည်
၃။လူမျိုး/ဘာသာ ရှမ်း/ဗုဒ္ဓ
၄။နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ် ၁၃/မရန(နိုင်)၀၀၁၉၈၄
၅။မွေးသက္ကရာဇ်/အသက် ၁၉.၇.၁၉၇၀(၄၆နှစ်)
၆။မွေးဖွားရာဇာတိ ရပ်ကွက်(၂)၊ မိုင်းရှူးမြို့
၇။ပညာအရည်အချင်း B.Sc(Zoology)
၈။လက်ရှိအလုပ်အကိုင် လယ်ယာ၊ အုတ်လုပ်ငန်း
၉။အဘအမည်/အလုပ်အကိုင် ဦးထွန်းကြည်/ ကွယ်လွန်
၁၀။အမိအမည်/အလုပ်အကိုင် ဒေါ်နန်းပေါင်း/ မှီခို
၁၁။ဇနီး/ခင်ပွန်းအမည်/အလုပ်အကိုင် ဒေါ်နန်းဖောင်းနွမ်း/ မှီခို
၁၂။သား/သမီးအမည်/အလုပ်အကိုင် မောင်စိုင်းမန်ဖ

မနန်းစံနော်

မနန်းသီရိလောင်(ဝ်)ငင်း

မနန်းမိုခေါင်(ဝ်)နွမ်း

မနန်းပေါင်းဟွမ်

၁၃။အမြဲတမ်းနေရပ်လိပ်စာ ကောင်းချိုရွာ၊ ကွန်ကောက်ကျေးရွာအုပ်စု၊ သိန္နီမြို့နယ်
၁၄။ကိုယ်စားပြုပါတီ/တစ်သီးပုဂ္ဂလ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်
၁၅။ရွေးချယ်တင်မြောက်ခြင်းခံရသည့်မဲဆန္ဒနယ် သိန္နီ၊ မဲဆန္ဒနယ်(၂)၊ ပြည်နယ်လွှတ်တော်
၁၆။ဖြစ်စဉ်အကျဉ်းချုပ် (ယနေ့အထိ) (က) ပညာသင်ကြားခဲ့ဖူးသောကျောင်းများကိုဖော်ပြရန်

-သူငယ်တန်းမှ နဝမတန်းထိ အ.ထ.က(မိုင်းရှူးမြို့)တွင် ပညာသင်ကြားပြီး၊ ဒသမတန်းတွင် အ.ထ.က(၆) တောင်ကြီးမြို့ ၌ သင်ကြားပြီး ၁၉၉၀/၉၁ပညာသင်နှစ်တွင် ဦးခင်မောင်ဝင်း ကျူရှင် အပြင်ဖြေဖြင့် (၁၀)တန်းအောင်၊ ၁၉၉၃ မှ ၁၉၉၆ထိ တောင်ကြီးတက္ကသိုလ်တွင် B.Sc(Zoology)ဖြင့် အောင်မြင်ခဲ့ပါ သည်။

(ခ)  လုပ်ကိုင်ခဲ့ဖူးသည့် အလုပ်အကိုင်၊ပြောင်းရွှေ့နေထိုင် ခဲ့သည့် နေရာဌာနများဖော်ပြရန်

– လယ်ယာ၊ ဓါတ်ပုံဆရာ၊ ခြံလုပ်ငန်း၊ မွေးရပ်ဇာတိမိုင်းရှူး မြို့သို့ ၁၉၉၇ခုနှစ်အထိ နေထိုင်ပြီး ၁၉၉၈ခုနှစ်မှ ယနေ့ထိ ကောင်းချိုရွာ၊ ကွန်ကောက်အုပ်စု၊ သိန္နီမြို့နယ်တွင် လယ်ယာနှင့် အုတ်ထုတ်လုပ်ငန်း လုပ်ကိုင်ရင်းနေပါသည်။

(ဂ)  ထမ်းဆောင်ခဲ့ဖူးသည့် နိုင်ငံရေး / လူမှုရေး လုပ်ငန်း ဆောင်ရွက်ချက်များဖော်ပြရန်

– မှိုင်းရှူးမြို့လူငယ်အသင်း၊ တက္ကသိုလ်ကျောင်းသားဘဝ တွင် ရှမ်းစာပေနှင့် ယဉ်ကျေးမှုအသင်း၊ စာပေရေးရာတာဝန်ခံ၊ ရှမ်းစာသင်ဆရာအဖြစ်လည်းကောင်း၊ ၁၉၉၇ခုနှစ်တွင် မိုးကုတ် မြို့နယ် နွေရာသီရှမ်းစာသင်တန်းဆရာများအဖွဲ့ ခေါင်းဆောင် အဖြစ် ဆောင်ရွက်ဖူးသည်။

(ဃ)  ပြစ်မှု/ ပြစ်ဒဏ်ကျခံဖူးခြင်း ရှိ/မရှိ (ရှိပါက ဖြစ်စဉ် အသေးစိတ် ဖော်ပြရန် )

– မရှိပါ။

(င)  ချီးမြှင့်ခံရသော ဘွဲ့ထူး၊ ဂုဏ်ထူး

– မရှိပါ။

(စ)  အခြားဖော်ပြရန် ရှိသည်များ

– မရှိပါ။

 

 

Leave a reply