Friday, October 30

ဦးဇော်ထွန်း (ကွမ်းလုံမြို့နယ် မဲဆန္ဒနယ်- ၂)

0
36
၁။အမည် ဦးဇော်ထွန်း
၂။အခြားအမည်  –
၃။လူမျိုး/ဘာသာ ကိုးကန့်/ဗုဒ္ဓ
၄။နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ် ၁၃/လရန(နိုင်)၀၈၂၉၉၄
၅။မွေးသက္ကရာဇ်/အသက် ၆.၁၁.၁၉၇၆ (၄၀ နှစ်)
၆။မွေးဖွားရာဇာတိ လားရှိုးမြို့
၇။ပညာအရည်အချင်း B.Sc(Phy)
၈။လက်ရှိအလုပ်အကိုင် အရောင်းအဝယ်
၉။အဘအမည်/အလုပ်အကိုင် ဦးဟုန်ကောင်းရွှေ/ကွယ်လွန်
၁၀။အမိအမည်/အလုပ်အကိုင် ဒေါ်စဝှေ့/မှီခို
၁၁။ဇနီး/ခင်ပွန်းအမည်/အလုပ်အကိုင် မရှိ
၁၂။သား/သမီးအမည်/အလုပ်အကိုင် မရှိ
၁၃။အမြဲတမ်းနေရပ်လိပ်စာ  ဇ/၈/၆၁၊ သီတာလွင်လမ်း၊ (၈)ရပ်ကွက်၊ နမ(၈)၊ လားရှိုးမြို့
၁၄။ကိုယ်စားပြုပါတီ/တစ်သီးပုဂ္ဂလ ကိုးကန့်ဒီမိုကရေစီနှင့်ညီညွတ်ရေးပါတီ
၁၅။ရွေးချယ်တင်မြောက်ခြင်းခံရသည့်မဲဆန္ဒနယ် ကွမ်းလုံ၊ မဲဆန္ဒနယ်(၂)၊ ပြည်နယ်လွှတ်တော်
၁၆။ဖြစ်စဉ်အကျဉ်းချုပ် (ယနေ့အထိ) (က) ပညာသင်ကြားခဲ့ဖူးသော ကျောင်းများကို ဖော်ပြရန်

– ၁၉၈၃-၈၇ ထိ အမက(၆) လားရှိုးမြို့တွင် မူလ တန်းတက်ရောက်ခဲ့ပြီး ၁၉၈၈-၁၉၉၁ ထိ အထက (၁) လားရှိုးတွင် အလယ်တန်းတက်ရောက်ခဲ့ပြီး ၁၉၉၂ -၁၉၉၇ ထိမန္တလေး အထက(၁၆)တွင် အထက်တန်း တက်ရောက်ခဲ့ပါသည်။

– ၂၀၀၁-၂၀၀၃ ထိ လားရှိုးဒီကရီ ကောလိပ် တွင်တက်ရောက်ခဲ့ပါသည်။

(ခ)  လုပ်ကိုင်ခဲ့ဖူးသည့် အလုပ်အကိုင်၊ ပြောင်းရွှေ့ နေထိုင်ခဲ့သည့် နေရာဌာန များဖော်ပြရန်

– ၂၀၀၂ ခုနှစ်တွင် ရူပဗေဒအထူးပြုဖြင့် ဘွဲ့ရရှိ ပြီးနောက် မိမိ၏ ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းကို လုပ်ကိုင်လျှက်ရှိပြီး ၂၀၀၂ခုနှစ် မှစ၍ ကိုးကန့်စာပေ နှင့်ယဉ်ကျေးမှုအဖွဲ့တွင် ဒု-ဥက္ကဋ္ဌအဖြစ် ကိုးကန့် ယဉ်ကျေးမှု အဖွဲ့မှ လုပ်ဆောင်သည့်လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး ကိစ္စများကို ပါဝင်ဆောင်ရွက် လျက်ရှိပါသည်။

(ဂ)  ထမ်းဆောင်ခဲ့ဖူးသည့် နိုင်ငံရေး/  လူမှု ရေး လုပ်ငန်းဆောင်ရွက်ချက်များ ဖော်ပြရန်

– ၂၀၁၀ မေလပိုင်းတွင် ပါတီမှတ်ပုံတင်ခွင့် အမှတ်စဉ်(၄) ဖြင့် မှတ်ပုံတင်ခွင့် ရရှိပြီးသည့်နေ့မှစ၍ အတွင်းရေးမှူး(၁)အဖြစ် တာဝန်ထမ်းဆောင် နေပါ သည်။

(ဃ)  ပြစ်မှု/ပြစ်ဒဏ်ကျခံဖူးခြင်း ရှိ/မရှိ (ရှိပါက ဖြစ်စဉ် အသေးစိတ်ဖော်ပြရန် )

– မရှိပါ။

(င)ချီးမြှင့်ခံရသော ဘွဲ့ထူး၊ ဂုဏ်ထူး

– မရှိပါ။

(စ)အခြားဖော်ပြရန် ရှိသည်များ

– မရှိပါ။

 

Leave a reply