Sunday, August 9

ဦးမြင့်လွင် (ကွတ်ခိုင်မြို့နယ် မဲဆန္ဒနယ် – ၂)

0
33
၁။အမည် ဦးမြင့်လွင်
၂။အခြားအမည် ဦးဝမ်ကွယ်တာ
၃။လူမျိုး/ဘာသာ မုန့်ဝန်း-ဗမာ/ဗုဒ္ဓ
၄။နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ် ၁၃/ကခန(နိုင်)၀၁၀၀၀၉
၅။မွေးသက္ကရာဇ်/အသက် ၁၃.၃.၁၉၄၃(၇၄ နှစ်)
၆။မွေးဖွားရာဇာတိ  တာမိုးညဲမြို့၊ ကွတ်ခိုင်မြို့နယ်
၇။ပညာအရည်အချင်း မြန်မာစာ(၇)တန်း၊ တရုတ်စာ(၁၂)တန်း
၈။လက်ရှိအလုပ်အကိုင် ဥက္ကဋ္ဌ၊ တာမိုးညဲချမ်းသာရောင်းဝယ်ရေး ကုမ္ပဏီလီမိတက်
၉။အဘအမည်/အလုပ်အကိုင် ဦးဝမ်လောက်ပန်း/ကွယ်လွန်
၁၀။အမိအမည်/အလုပ်အကိုင် ဒေါ်လီဖူပေါက်/ကွယ်လွန်
၁၁။ဇနီး/ခင်ပွန်းအမည်/အလုပ်အကိုင်  ဒေါ်ခင်နှင်းဝေ(ခ)ရှီးရွှင်ဟော်/မှီခို
၁၂။သား/သမီးအမည်/အလုပ်အကိုင် မောင်သူရလွင်၊ အုပ်ချုပ်မှုဒါရိုက်တာ တာမိုးညဲချမ်းသာရောင်းဝယ်ရေး ကုမ္ပဏီ၊

မဥမ္မာလွင်/မှီခို၊

မောင်သီဟလွင်၊ ဒါရိုက်တာ တာမိုးညဲ ချမ်းသာ ကုမ္ပဏီ၊

ဦးကျော်စွာလွင်/မှီခို

၁၃။အမြဲတမ်းနေရပ်လိပ်စာ  အမှတ်(၈၀)၊ရပ်ကွက်(၅)၊ တာမိုးညဲမြို့၊ ကွတ်ခိုင်မြို့နယ်
၁၄။ကိုယ်စားပြုပါတီ/တစ်သီးပုဂ္ဂလ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ
၁၅။ရွေးချယ်တင်မြောက်ခြင်းခံရသည့်မဲဆန္ဒနယ် ကွတ်ခိုင်၊ မဲဆန္ဒနယ်(၂)၊ ပြည်နယ်လွှတ်တော်
 

၁၆။ဖြစ်စဉ်အကျဉ်းချုပ် (ယနေ့အထိ)

(က) ပညာသင်ကြားခဲ့ဖူးသောကျောင်းများကို

ဖော်ပြရန်

– (၁၉၄၉-၁၉၅၉) အစိုးရမူလတန်းကျောင်း (တာမိုးညဲ)၊ (-) ကွတ်ခိုင်အစိုးရအထက်တန်းကျောင်း

(ခ) လုပ်ကိုင်ခဲ့ဖူးသည့် အလုပ်အကိုင်၊ ပြောင်းရွှေ့ နေထိုင်ခဲ့သည့် နေရာဌာနများဖော်ပြရန်

– ၁၉၆၀မှ ၁၉၆၅ ခုနှစ်ထိ တာမိုးညဲအမက တွင် ကော်မတီခန့်ကျောင်းဆရာအဖြစ် တာဝန်ထမ်းဆောင် ခဲ့ပါသည်။

– ၁၉၆၂-၁၉၈၈ ခုနှစ်ထိတာမိုးညဲမြို့ လုံခြုံရေးနှင့်  အုပ်ချုပ်မှုကော်မတီ အတွင်းရေးမှူး၊ တာမိုးညဲ တရားရေး ဥက္ကဋ္ဌ၊ ပြည်သူ့ကောင်စီအတွင်းရေးမှူး၊ ပြည်သူ့စစ်တပ်ဖွဲ့မှူးတာဝန် ထမ်းဆောင်ခဲ့ပါသည်။

– ၁၉၈၀-၁၉၉၃ ခုနှစ်ထိ ကျိုင်းတုံ ရှေ့တန်းတပ်မ (၈၈)စစ်ဆေးရေးစုစည်း လား/မြင်းအဖွဲ့ခေါင်းဆောင်၊ ၁၉၈၀မှယနေ့ထိတာမိုးညဲပြည်သူ့စစ် ကြီးကြပ်မှု   ကော်မတီ ဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ ၂၀၀၅ခုနှစ် မှ ယနေ့အထိ မုန်းဝန်းဗမာယဉ်ကျေးမှုအဖွဲ့ ဥက္ကဋ္ဌအဖြစ် လည်းကောင်း၊ ၁၉၉၀ ခုနှစ်မှ ယနေ့အထိ နိုင်ငံတော် လုပ်ငန်းများ၊ စီမံကိန်းများအတွက် တရုတ်ပြည်နှင့် လိုအပ်သည့် အကျိုးဆောင်အဖြစ်လည်းကောင်း တာဝန်ယူ ထမ်းဆောင်ခဲ့ပါသည်။

(ဂ)  ထမ်းဆောင်ခဲ့ဖူးသည့် နိုင်ငံရေး/  လူမှုရေး လုပ်ငန်း ဆောင်ရွက်ချက်များဖော်ပြရန်

– ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း၊ ကွတ်ခိုင်မြို့နယ် အမာခံအသင်းဝင်အဖြစ် တာဝန် ထမ်းဆောင်ရင်းတာမိုးညဲဒေသဘက်စုံဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို ဦးစီးတာဝန်ယူဆောင်ရွက်ခဲ့ပြီး ဘိန်း စိုက်ပျိုးမှု(လုံးဝ) ပပျောက်ရေးတို့ကိုလည်း ဦးစီး ဦးဆောင်ပြုကာ ဆောင်ရွက်ခဲ့ပါသည်။

(ဃ)  ပြစ်မှု/ပြစ်ဒဏ်ကျခံဖူးခြင်း ရှိ/မရှိ (ရှိပါက ဖြစ်စဉ် အသေးစိတ်ဖော်ပြရန် )

– မရှိပါ။

(င)ချီးမြှင့်ခံရသော ဘွဲ့ထူး၊ ဂုဏ်ထူး

– မရှိပါ။

(စ)အခြားဖော်ပြရန်ရှိသည်များ

– ၂၀၁၀ ပါတီစုံအထွေထွေရွေးကောက်ပွဲတွင် ကွတ်ခိုင်မြို့နယ်၊ ပြည်နယ်လွှတ်တော် အမှတ် (၂) ၊ မဲဆန္ဒနယ်မှ ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားပြု ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်တင်မြှောက် ခဲ့ပြီး ပြည်နယ်လွှတ်တော်ဆိုင်ရာလုပ်ငန်းများနှင့်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများကို မဲဆန္ဒရှင်ပြည်သူများ အတွက် ဖြည့်ဆည်းလုပ်ကိုင်ပေးလျက်ရှိပါသည်။

 

 

Leave a reply