Friday, August 14

ဦးလင်းအောင်ဆွေ (နမ့်စန်မြို့နယ်၊ မဲဆန္ဒနယ်- ၁)

0
22
၁။ အမည် ဦးလင်းအောင်ဆွေ
၂။ အခြားအမည် လင်းလင်း
၃။ လူမျိုး/ဘာသာ ဗမာ/ရှမ်း/ဗုဒ္ဓ
၄။ နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ် ၁၂/ဒဂန(နိုင်)၀၁၆၁၉၆
၅။ မွေးသက္ကရာဇ်/ အသက် ၂၇.၆.၁၉၇၃ (၄၃)နှစ်
၆။ မွေးဖွာရာဇာတိ လားရှိုးမြို့၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)
၇။ ပညာအရည်အချင်း ဝိဇ္ဇာဘွဲ့(စစ်တက္ကသိုလ်)
၈။ လက်ရှိအလုပ်အကိုင် စစ်မှုထမ်း(ငြိမ်း)
၉။ အဘအမည်/အလုပ်အကိုင် ဦးမင်းဆွေ/ စစ်မှုထမ်းဟောင်း(ငြိမ်း)
၁၀။ အမိအမည်/အလုပ်အကိုင် ဒေါ်နန်းရွှေကြည်/ မှီခို
၁၁။ ဇနီး/ခင်ပွန်းအမည်/ အလုပ်အကိုင် ဒေါ်မာလာအောင်/ မှီခို
၁၂။ သား/သမီးအမည်/အလုပ်အကိုင် မအင်ကြင်းစံ(ခ)မအိမ့်ချစ်စု/ကျောင်းသူ

မောင်ထွဋ်အာကာလင်း(ခ)သားထွဋ်/ ကျောင်းသား

၁၃။ အမြဲတမ်းနေရပ်လိပ်စာ အမှတ်(၅)ရပ်ကွက်၊ နမ့်စန်မြို့
၁၄။ ကိုယ်စားပြုပါတီ/တစ်သီးပုဂ္ဂလ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ
၁၅။ ရွေးချယ်တင်မြောက်ခြင်းခံရသည့် မဲဆန္ဒနယ် နမ့်စန်၊ မဲဆန္ဒနယ်(၁)၊ ပြည်နယ်လွှတ်တော်
၁၆။ ဖြစ်စဉ်အကျဉ်းချုပ်(ယနေ့အထိ)

 

(က) ပညာသင်ကြားခဲ့ဖူးသောကျောင်းများကို ဖော်ပြရန်

– ၁၉၇၈မှ ၁၉၈၁ခုနှစ်အထိ အလက(၄)၊ လားရှိုးမြို့ တွင်သူငယ်တန်းမှ ဒုတိယတန်း

– ၁၉၈၁မှ ၁၉၈၃ခုနှစ်အထိ အထက(၁၈)၊ မန္တလေးမြို့တွင်တတိယတန်းမှ စတုတ္ထတန်း

– ၁၉၈၃မှ ၁၉၈၆ခုနှစ်အထိ အလက(သန္ဓေပင်)မှော်ဘီ တွင်ပဉ္စမတန်းမှ အဋ္ဌမတန်း

– ၁၉၈၆မှ ၁၉၉၀ခုနှစ်အထိ အထက(၂)၊ ဒဂုံတွင် နဝမတန်းမှ ဒသမတန်း

– ၂၀.၅.၁၉၉၁မှ ၅.၄.၁၉၉၆ထိ စစ်တက္ကသိုလ်၊  ပြင်ဦးလွင်တွင် ဗိုလ်လောင်းသင်တန်းတက်ရောက်ခဲ့သည်။

(ခ) လုပ်ကိုင်ခဲ့ဖူးသည့် အလုပ်အကိုင်၊ ပြောင်းရွှေ့နေထိုင် ခဲ့သည့် နေရာဌာနများ ဖော်ပြရန်

– (၁၉.၄.၁၉၉၆)မှ (၁၇.၁.၁၉၉၇)ထိ ဒုဗိုလ်အဖြစ် လေကြောင်းအတတ်သင် လေတပ်စခန်းတွင် သင်တန်း              တက်ရောက်၊ (၃.၂.၁၉၉၇)မှ (၃.၄.၁၉၉၇)ထိ ဒုဗိုလ်အဖြစ် မှော်ဘီလေတပ်စခန်းဌာနချုပ်၊ အုပ်လေသူရဲရာထူး (၄.၄.၁၉၉၇) မှ(၁၂.၁၀.၁၉၉၉)ထိ မင်္ဂလာဒုံလေတပ်စခန်း ဌာနချုပ်တွင် ဗိုလ်အဆင့်ဖြင့် အုပ်လေသူရဲရာထူး (၁၂.၁၀.၁၉၉၉)မှ (၁.၃.၂၀၀၅)ခုနှစ်အထိ အမှတ်(၇၁)အုပ် တွင် ဗိုလ်ကြီးအဆင့်ဖြင့်အုပ်တပ်ရေးရာထူး၊(၁.၃.၂၀၀၅) မှ(၁၀.၈.၂၀၁၅)ထိ နမ့်စန်လေတပ်စခန်း ဌာနချုပ်တွင် ဗိုလ်ကြီးအဆင့်ဖြင့် လုံခြုံရေးတပ်ခွဲမှူးရာထူး

(ဂ) ထမ်းဆောင်ခဲ့ဖူးသည့် နိုင်ငံရေး/ လူမှုရေးလုပ်ငန်း ဆောင်ရွက်ချက်များဖော်ပြရန်

– ၂၀၁၄-၂၀၁၅ခုနှစ်အတွင်း ဂျပန်စေတနာအဖွဲ့ ကျောင်းဆောက်လုပ်မှုတွင်လုံခြုံရေးပါဝင်ကူညီခဲ့ (နမ့်မော်ခေါက်ဆင့်၊ လိုက်ခါး၊ ကောင်းဆိုင်၊ ဟိုက်ဖတ် ကျေးရွာအုပ်စု) ၂၀၀၄/၂၀၀၆/၂၀၁၁ နမ့်စန်မြို့၊ ရေဘေး ကယ်ဆယ်ရေး ကြီးကြပ်ဆောင်ရွက်ခဲ့

(ဃ) ပြစ်မှု/ပြစ်ဒဏ် ကျခံဖူးခြင်း ရှိ/မရှိ (ရှိပါကဖြစ်စဉ် အသေးစိတ်ဖော်ပြရန်)

– မရှိပါ။

(င) ချီးမြှင့်ခံရသော ဘွဲ့ထူး၊ ဂုဏ်ထူး

– မရှိပါ။

(စ) အခြားဖော်ပြရန်ရှိသည်များ

– မရှိပါ။

 

 

Leave a reply