Monday, March 30

ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစိုင်းလုံးဆိုင် ကုလသမဂ္ဂဌာနေညှိနှိုင်းရေးမှူးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာညှိနှိုင်းရေးမှူး Mr.Ola Almgren နှင့် တာဝန်ရှိသူများအား လက်ခံတွေ့ဆုံ

0
10

တောင်ကြီး မတ် ၁၇

ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌသည် မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂဌာနေညှိနှိုင်းရေးမှူး နှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာညှိနှိုင်းရေးမှူး Mr.Ola Almgren ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့ မွန်းလွဲ(၂)နာရီတွင် ရှမ်းပြည်နယ်လွှတ်တော်ရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံပါသည်။

ထိုသို့လက်ခံတွေ့ဆုံရာတွင် ရှမ်းပြည်နယ်လွှတ်တော်အနေဖြင့် ကုလသမဂ္ဂနှင့် ပူးပေါင်းဆောင်ရွက်မှုအခြေအနေများ၊ ရှမ်းပြည်နယ်လွှတ်တော်ဆိုင်ရာလုပ်ငန်းဆောင်ရွက်မှု အခြေအနေများနှင့် ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါသည်။

အဆိုပါတွေ့ဆုံပွဲသို့ ရှမ်းပြည်နယ်လွှတ်တော်ရုံး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်နန်းမိုခမ်းနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

Leave a reply