Thursday, August 6

ရှမ်းပြည်နယ်လွှတ်တော် ဥပဒေပြုရေးဆိုင်ရာကော်မတီမှ ရှမ်းပြည်နယ်မြေယာခွန်ဥပဒေ(မူကြမ်း)နှင့်ပတ်သက်၍ ပြည်သူလူထုကြားနာပွဲကျင်းပ

0
106

တောင်ကြီး မတ် – ၁၂

 

ရှမ်းပြည်နယ်လွှတ်တော် ဥပဒေပြုရေးဆိုင်ရာကော်မတီမှ ရှမ်းပြည်နယ်မြေယာခွန်ဥပဒေ (မူကြမ်း)နှင့် ပတ်သက်သည့် ပြည်သူလူထုကြားနာပွဲအား ယနေ့ နံနက်(၀၉၃၀)နာရီအချိန်တွင် တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

ပထမဦးစွာ ရှမ်းပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ ရှမ်းပြည်နယ်လွှတ်တော် ဥပဒေပြုရေး ဆိုင်ရာကော်မတီဥက္ကဋ္ဌ ဦးစဝ်အောင်မြတ်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ရှမ်းပြည်နယ် လွှတ်တော် ဥပဒေပြုရေးဆိုင်ရာကော်မတီ၏ လုပ်ငန်းဆောင်ရွက်ချက်များအား ရှင်းလင်းပြောကြား ခဲ့ပါသည်။

ထို့နောက် တောင်ကြီးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အုပ်ချုပ်ရေးမှူး၊ ခရိုင်စီမံ ခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးကိုကိုလွင်က တောင်ကြီးခရိုင်၏ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေ များကို ရှင်းလင်းတင်ပြပြီး ရှမ်းပြည်နယ်လွှတ်တော် ဥပဒေပြုရေးဆိုင်ရာကော်မတီအဖွဲ့ဝင် လွိုင်လင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခွန်ဒီဂေါလ်က ရှမ်းပြည်နယ်မြေယာခွန်ဥပဒေ(မူကြမ်း)ကို ဖတ်ကြားရှင်းလင်းတင်ပြပါသည်။ ထို့နောက် ကြားနာပွဲ သို့ တက်ရောက်လာသူများမှ မြေယာခွန်ဥပဒေ(မူကြမ်း)နှင့်ပတ်သက်၍ အကြံပြု ဆွေးနွေးခဲ့ပြီး အခက်အခဲများအား တင်ပြခဲ့ကြရာ သက်ဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြပါသည်။


၎င်းနောက် ဒုတိယအကြိမ်ရှမ်းပြည်နယ်လွှတ်တော်မှ အတည်ပြုပြဋ္ဌာန်းခဲ့သည့် ဥပဒေစာအုပ်များကို ရှမ်းပြည်နယ်လွှတ်တော် ဥပဒေပြုရေးဆိုင်ရာကော်မတီ အတွင်းရေးမှူး ဦးညီညီ(ခ) ဦးညီလေးချမ်း က တောင်ကြီးခရိုင် အထွေထွေအုပ်ချုပ်ရေ;ဦးစီးဌာန၊ ခရိုင်အုပ်ချုပ်ရေးမှူး၊ ခရိုင်စီမံ ခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးကိုကိုလွင် သို့ ပေးအပ်ပါသည်။

ပြီးနောက် ရှမ်းပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ ရှမ်းပြည်နယ်လွှတ်တော် ဥပဒေပြုရေး ဆိုင်ရာကော်မတီဥက္ကဋ္ဌ ဦးစဝ်အောင်မြတ်က နိဂုံးချုပ်အမှာစကားပြောကြားကာ နေ့လယ်(၁၂)နာရီ အချိန်တွင် ကြားနာပွဲကို ရပ်နားခဲ့ပါသည်။

အဆိုပါ ကြားနာပွဲသို့ တောင်ကြီးခရိုင်အတွင်းရှိ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ နိုင်ငံရေး ပါတီများ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများ၊ မီဒီယာများနှင့် လေ့လာသူများ တက်ရောက်ခဲ့ကြပါသည်။

Leave a reply