Tuesday, October 27

(၁၆) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒုတိယနေ့ကျင်းပ

0
21

ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် (၁၆) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒုတိယနေ့ကျင်းပ

တောင်ကြီး စက်တင်ဘာ ၁၈

ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် (၁၆) ကြိမ်မြောက် ပုံမှန်အစည်းအဝေး (ဒုတိယနေ့) ကို စက်တင်ဘာလ (၁၈) ရက်၊ (ဗုဒ္ဓဟူးနေ့) နံနက် (၁၀)နာရီအချိန်တွင် ရှမ်းပြည်နယ်လွှတ်တော် အစည်းအဝေးခန်းမ၌ကျင်းပရာ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ် လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ တပ်မတော်သားကိုယ်စားလှယ် များ၊ လေ့လာသူများ တက်ရောက်ကြသည်။

အစည်းအဝေးတွင် ရှမ်းပြည်နယ်လွှတ်တော်ရုံး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်နန်းမိုခမ်းက အခမ်းအနားမှူးအဖြစ် ဆောင်ရွက်သည်။

အစည်းအဝေး မတက်ရောက်နိုင်သော ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ( ၁၇ )ဦး တို့ အတွက် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များစိစစ်ရေးကော်မတီဥက္ကဋ္ဌ၊ နမ့်စန်မြို့နယ်၊ မဲဆန္ဒနယ် အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလင်းအောင်ဆွေက ခွင့်ပန်ကြားပြီး ပြည်နယ်လွှတ်တော်မှ သဘောတူကြောင်းနှင့် အစည်းအဝေးအထမြောက်မှုကို လွှတ်တော်မှ အတည်ပြုကြောင်း ကြေညာပါသည်။

ဆက်လက်၍ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက အစည်းဝေးတက်ရောက်ခွင့်ရှိသူ လွှတ်တော် ကိုယ်စားလှယ် (၁၄၀)ဦး ရှိသည့်အနက် ခွင့်ပန်ကြားသူ(၁၇) ဦးရှိပြီး အစည်းအဝေးသို့ (၁၂၃)ဦး တက်ရောက်သဖြင့် (၈၇.၈၆)% ရှိသောကြောင့် အစည်းအဝေးအထမြောက်ကြောင်းနှင့် ဒုတိယနေ့ အစည်းအဝေးစတင်ကျင်းပကြောင်း ကြေညာပါသည်။

၎င်းနောက် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်(၁၁)ဦးမှ ကြယ်ပွင့်ပြမေးခွန်း(၁၁)ခု မေးမြန်းရာ နမ့်ဆန်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ထွဏ်းက “ရှမ်းပြည်နယ်အတွင်းရှိ အစားအသောက်များ လုံခြုံစိတ်ချပြီး အန္တရာယ် ကင်းစေရေးအတွက် ရှမ်းပြည်နယ်အစိုးရမှ မည်ကဲ့သို့သောအစီအမံများ ဆောင်ရွက်ထားရှိသည်” နှင့် စပ်လျဉ်းသည့် မေးခွန်းအားမေးမြန်းရာ ပြည်နယ်စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးညွန့်လွင် ကလည်းကောင်း၊ ရွာငံမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစဝ်အောင်မြတ်က “ပင်းတယမြို့နယ်၊ ရှားပြားကျေးရွာအုပ်စု၊ ရှားပြားကျေးရွာတွင် လျှပ်စစ်မီး လင်းရေးအတွက် ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ” နှင့် စပ်လျဉ်းသည့်မေးခွန်းအား မေးမြန်းရာ ပြည်နယ်လျှပ်စစ်၊ စွမ်းအင်နှင့်စက်မှုဝန်ကြီး ဦးစိုင်းရှဲန်တစ်လုံ ကလည်းကောင်း၊ ကျောက်မဲမြို့နယ် မဲဆန္ဒနယ်အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းထွန်းဝင်းက “ကျောက်မဲမြို့ အတွင်းရှိ အဓိကလမ်းဖြစ်သော ပင်လုံလမ်းနှင့် အောင်ဆန်းလမ်းမကြီးအား ကတ္တရာကွန်ကရစ် လမ်း (AC Overlay ) ခင်းပေးရန် အစီအစဉ် ရှိ/မရှိ” နှင့် စပ်လျဉ်းသည့် မေးခွန်းအားမေးမြန်းရာ ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းစွံဆိုင်းက လည်းကောင်း၊ ပင်းတယမြို့နယ်၊ မဲဆန္ဒနယ် အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးညီညီ(ခ)ဦးညီလေးချမ်းက “ရှမ်းပြည်နယ်ရှိ မြို့နယ်များတွင် ငမြှောင်တောင်ပိုးနှင့် အခြားဖျက်ပိုးများကျရောက်၍ သီးနှံများပျက်စီးမှု၊ ဆုံးရှုံး သည့်တန်ဖိုးနှင့် ကာကွယ်နှိမ်နှင်းရမည့် ပညာပေးအစီအစဉ်များ စီမံဆောင်ရွက်ပေးမှု” နှင့် စပ်လျဉ်း သည့် မေးခွန်းအားမေးမြန်းရာ ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးစိုင်းလုံကျော်က လည်းကောင်း၊ သိန္နီမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စား လှယ် ဒေါ်နန်းခင်ထားရီက “ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင် ဖြစ်ပွားနေသည့် တိုက်ပွဲများနှင့် ဆက်စပ်ပြီး မီးရှို့ဖျက်ဆီးခံခဲ့ရသော လိုင်စင်ရှိယာဉ်များ၏ ယာဉ်ပိုင်ရှင်များအား တရားမနစ်နာမှု ဥပဒေ(Tort of Law) အရ ကူညီကုစားပေးမည့် အစီအစဉ် ရှိ/မရှိ” နှင့် စပ်လျဉ်းသည့် မေးခွန်းအား မေးမြန်းရာမေးမြန်းရာ ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါက်တာအောင်သန်းမောင် မှလည်းကောင်း၊ ကွန်ဟိန်းမြို့နယ် မဲဆန္ဒနယ်အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းစံထွန်းက “ကွန်ဟိန်းမြို့နယ်အတွင်း ဌာနအသီးသီးမှကောက်ခံရရှိသော အခွန်အရပ်ရပ်” နှင့် စပ်လျဉ်းသည့် မေးခွန်းအားမေးမြန်းရာ ပြည်နယ်စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးစိုးညွန့်လွင် က လည်းကောင်း၊ နမ့်စန်မြိုနယ်၊ မဲဆန္ဒနယ်အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလင်းအောင်ဆွေ က “နမ့်စန်မြို့နယ်၊ ခိုလမ်မြို့၏ မြို့ဧရိယာနယ်နိမိတ်နှင့် စည်ပင်သာယာရေး နယ်နိမိတ်တိုးချဲ့သတ်မှတ်နိုင်ရေးဆောင်ရွက်ရန် အစီအစဉ် ရှိ/မရှိ” နှင့် စပ်လျဉ်းသည့် မေးခွန်းအား မေးမြန်းရာ ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းစွံဆိုင်းကလည်းကောင်း၊ မဘိမ်းမြို့နယ်၊ မဲဆန္ဒနယ် အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမောင်ညို က “မဘိမ်းမြို့နယ်၊ ကုန်းမခံ ကျေးရွာအုပ်စုအတွင်း အရှည်(၂)မိုင်ခန့်ရှိသော ကန်လမ်း (ကုန်ထုတ်လမ်း)အား ပြုလုပ်ပေးရန် အစီ အစဉ် ရှိ/မရှိ” နှင့်စပ်လျဉ်းသည့် မေးခွန်းအားမေးမြန်းရာ ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးစိုင်းလုံကျော်က လည်းကောင်း၊ မိုင်းရှူးမြို့နယ် မဲဆန္ဒနယ်အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းလင်းမြတ်က “ရှမ်းပြည်နယ်အတွင်း အသေးစားလျှပ်စစ် ဓာတ်အား စီမံကိန်းလုပ်ငန်းများနှင့် ပတ်သက်၍ ရှမ်းပြည်နယ်အစိုရအဖွဲ့၏ ကြီးကြပ်မှုဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နေမှု” နှင့် စပ်လျဉ်းသည့် မေးခွန်းအားမေးမြန်းရာ ပြည်နယ် လျှပ်စစ်၊ စွမ်းအင်နှင့်စက်မှုဝန်ကြီး ဦးစိုင်းရှဲန်တစ်လုံက လည်းကောင်း၊ သီပေါမြို့နယ်၊ မဲဆန္ဒနယ် အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းစမ်းစမ်းအေးက “သီပေါမြို့နယ်တွင် ပေ(၁၀၀x၂၀၀) ရှိ မိုးလုံလေလုံ အားကစားရုံဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ” နှင့် စပ်လျဉ်း သည့် မေးခွန်းအားမေးမြန်းရာ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက လည်းကောင်း၊ ကလောမြို့နယ် မဲဆန္ဒနယ် အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသန်းထိုက် က “တောင်ကြီးမြို့အား စနစ်တကျ ဖွံ့ဖြိုးတိုးတက်သော မြို့တော်ဖြစ်စေရေးနှင့် သဘာဝအရင်းအမြစ် ပတ်ဝန်းကျင်ဆိုင်ရာ ရေရှည် တည်တံ့ရေးတို့အတွက် မည်သည့်အစီအမံများ ဆောင်ရွက်နေသည်” နှင့် စပ်လျဉ်းသည့် မေးခွန်းအားမေးမြန်းရာ ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းစွံဆိုင်း ကလည်းကောင်း အသီးသီး ပြန်လည်ဖြေကြားကြသည်။

၎င်းနောက် နမ့်ဆန်မြို့နယ် မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ထွဏ်း၏ “ရှမ်းပြည်နယ်ရှိ တိုင်းရင်းသားလူမျိုးများ၏ စာပေယဉ်ကျေးမှု၊ ဓလေ့ ထုံးတမ်း များမြှင့်တင်ရန်နှင့် ရိုးရာဓလေ့ ပွဲလမ်းသဘင်များ ကျင်းပနိုင်ရေးအတွက် ရှမ်းပြည်နယ်အစိုးရ အဖွဲ့၏ ရသုံးမှန်းခြေငွေစာရင်းတွင် နှစ်စဉ်ထည့်သွင်းရေးဆွဲရေး” အဆိုနှင့် စပ်လျဉ်း၍ မိုင်းပျဉ်း မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းလှဝင်းနှင့် သိန္နီမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းခင်ထားရီတို့က ထောက်ခံခဲ့ကြပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးညွန့်လွင်မှ ပြန်လည် ဆွေးနွေးရှင်းလင်းကာ အဆိုကို လွှတ်တော်တွင်အတည်ပြုပေးနိုင်ပါရန် လွှတ်တော်၏ အဆုံးအဖြတ်ရ ယူရာ ပြည်နယ်လွှတ်တော်က သဘောတူသဖြင့် အဆိုကိုအတည်ပြုကြောင်း ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌက ကြေညာသည်။

ထို့နောက် ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် (၁၆) ကြိမ်မြောက်ပုံမှန် အစည်း အဝေး (ဒုတိယနေ့)ကို (၁၂:၁၀) နာရီအချိန်တွင် ပြီးမြောက်ကြောင်းကြေညာပြီး (တတိယနေ့)ကို စက်တင်ဘာလ (၁၉)ရက်နေ့ နံနက်(၁၀)နာရီအချိန်တွင် ဆက်လက်ကျင်းပပြုလုပ်သွားမည် ဖြစ်ပါ သည်။

Leave a reply