Thursday, October 15

(၁၆ )ကြိမ်မြောက် ပုံမှန်အစည်းအဝေး(ပထမနေ့)ကျင်းပ

0
21

ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် (၁၆ )ကြိမ်မြောက် ပုံမှန်အစည်းအဝေး(ပထမနေ့)ကျင်းပ

တောင်ကြီး စက်တင်ဘာ ၁၇

ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် (၁၆) ကြိမ်မြောက် ပုံမှန်အစည်းအဝေး (ပထမနေ့) ကို စက်တင်ဘာလ(၁၇)ရက် (အင်္ဂါနေ့)၊ နံနက် (၁၀)နာရီအချိန်တွင် ရှမ်းပြည်နယ်လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ် လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ တပ်မတော်သားကိုယ်စား လှယ်များ၊ လေ့လာသူများ တက်ရောက်ကြသည်။

အစည်းအဝေးတွင် ရှမ်းပြည်နယ်လွှတ်တော်ရုံး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်နန်းမိုခမ်းက အခမ်းအနားမှူးအဖြစ် ဆောင်ရွက်သည်။

အစည်းအဝေး မတက်ရောက်နိုင်သော ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် (၁၁)ဦး တို့အတွက် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များစိစစ်ရေးကော်မတီ ဥက္ကဋ္ဌ၊ နမ့်စန်မြို့နယ် မဲဆန္ဒနယ် အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလင်းအောင်ဆွေက ခွင့်ပန်ကြားပြီး ပြည်နယ် လွှတ်တော်မှ သဘောတူကြောင်းနှင့် အစည်းအဝေးအထမြောက်မှုကို ပြည်နယ် လွှတ်တော်မှ အတည်ပြုကြောင်း ကြေညာပါသည်။

ဆက်လက်၍ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက အစည်းဝေးတက်ရောက်ခွင့်ရှိသူ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် (၁၄၀)ဦး ရှိသည့်အနက် ခွင့်ပန်ကြားသူ(၁၁)ဦးရှိပြီး အစည်းအဝေးသို့ (၁၂၉)ဦး တက်ရောက်သဖြင့် (၉၂.၁၄)% ရှိသောကြောင့် အစည်းအဝေးအထမြောက်ကြောင်းနှင့် ပထမနေ့ အစည်းအဝေးစတင်ကျင်းပကြောင်း ကြေညာပါသည်။ ထို့နောက် ရှမ်းပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဦးစိုင်းလုံးဆိုင်က နှုတ်ခွန်းဆက် စကားပြောကြားပါသည်။

၎င်းနောက် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်(၇)ဦးမှ ကြယ်ပွင့်ပြမေးခွန်း(၁၀)ခု မေးမြန်းရာ သိန္နီမြို့နယ် မဲဆန္ဒနယ်အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းခင်ထားရီက “သိန္နီမြို့နယ် စီမံကိန်းရေးဆွဲရေးဦးစီးဌာနတွင် သံကူကွန်ကရစ် (RC) (၂)ခန်း တွဲ(၁)ထပ် ဝန်ထမ်းအိမ်ရာကို ပြီးစီးအောင် ဆောက်လုပ်ခြင်းမရှိသည့် Glory Lotus Company Limited အား မည်သို့အရေးယူမည်နှင့် Black List အဖြစ်သတ်မှတ်ရန် အစီအစဉ် ရှိ/မရှိ” နှင့် စပ်လျဉ်းသည့်မေးခွန်းအားမေးမြန်းရာ ပြည်နယ်စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးညွန့်လွင် က လည်းကောင်း၊ “သိန္နီမြို့နယ်အတွင်း လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းကို တာဝန်ယူ ဆောင်ရွက်နေသည့် Mya Thin Kyu Company Limited မှ ဓာတ်အားခတောင်းခံခြင်းကိစ္စ” နှင့် စပ်လျဉ်းသည့်မေးခွန်းအား မေးမြန်းရာ ပြည်နယ်လျှပ်စစ်၊ စွမ်းအင်နှင့် စက်မှုဝန်ကြီး ဦးစိုင်းရှဲန်တစ်လုံ ကလည်းကောင်း၊ ကွမ်းလုံမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးဇော်ထွန်းက “ကွမ်းလုံမြို့ပေါ်ရှိ မြသံလွင်ပန်းခြံအား မြို့အင်္ဂါရပ်နှင့် လျော်ညီ အောင် သန့်ရှင်းသာယာလှပပြီး အပန်းဖြေအနားယူနိုင်မည့် ပန်းခြံတစ်ခြံအဖြစ် အဆင့်မြှင့်တင်ရေး” နှင့် စပ်လျဉ်းသည့်မေးခွန်းအားမေးမြန်းရာ ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းစွံဆိုင်းက လည်းကောင်း၊ ပင်းတယမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးညီညီ(ခ) ဦးညီလေးချမ်း က “ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်အသီးသီးတွင် သမဝါယမအသင်း မည်မျှဖွဲ့စည်းပြီးကြောင်းနှင့် ကုန်ထုတ်/ ဝန်ဆောင်/ ကုန်သွယ်မှုလုပ်ငန်းများ စီမံဆောင်ရွက်နေမှု” နှင့် စပ်လျဉ်းသည့်မေးခွန်းအားမေးမြန်းရာ ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးစိုင်းလုံကျော်က လည်းကောင်း၊ “ရှမ်းပြည်နယ်တွင် မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေး အသင်း/ ခွဲဖွဲ့စည်းမှုနှင့် ကျန်းမာရေးနှင့်လူမှုရေးဆိုင်ရာ ကူညီဆောင်ရွက်မှုကို ထိရောက်စွာ ဆောင်ရွက်ပေးနိုင်ခြင်း ရှိ/မရှိ” နှင့် စပ်လျဉ်းသည့် မေးခွန်းအားမေးမြန်းရာ ပြည်နယ်လူမှုရေး ဝန်ကြီး ဒေါက်တာမျိုးထွန်းက လည်းကောင်း အသီးသီးပြန်လည်ဖြေကြားကြသည်။

ယင်းနောက် ကျိုင်းတုံမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဝဏ္ဏစိုး က “ကျိုင်းတုံမြို့နယ်၊ မိုင်းခွန်ကျေးရွာအုပ်စုတွင် လျှပ်စစ်ဓာတ်အားလိုင်း ရရှိ သည့် ဝမ်လွမ်းမှတစ်ဆင့် ကောင်းကန်နှင့် အနီးပတ်ဝန်းကျင်ရှိ ကျေးရွာများသို့ လျှပ်စစ်ဓာတ်အား သွယ်တန်းဖြန့်ဖြူးပေးရန် အစီအစဉ် ရှိ/မရှိ” နှင့် စပ်လျဉ်းသည့် မေးခွန်းအား မေးမြန်းရာ ပြည်နယ် လျှပ်စစ်စွမ်းအင်နှင့်စက်မှုဝန်ကြီး ဦးစိုင်းရှဲန်တစ်လုံက လည်းကောင်း၊ “ကျိုင်းတုံမြို့နယ်ရှိ နောင်တုံကန် ကန်ပတ်လမ်းအား နိုင်လွန်ကတ္တရာ(AC) လမ်းအဖြစ် ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ” နှင့် စပ်လျဉ်းသည့်မေးခွန်းအား မေးမြန်းရာ ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းစွံဆိုင်း ကလည်းကောင်း၊ လင်းခေးမြို့နယ် မဲဆန္ဒနယ် အမှတ်(၁) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းအောင်မျိုးကျော် က “မိတ္ထီလာ- တောင်ကြီး- ကျိုင်းတုံ- တာချီလိတ် AH-2 လမ်းမကြီးပေါ်ရှိ မန္တလေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ် နယ်စပ်မျဉ်းတွင် ရှမ်းပြည်နယ် အထိမ်း အမှတ်ကွန်ကရစ်မုခ်ဦးတစ်ခုဆောက်လုပ်ပေးရန် အစီအစဉ်ရှိ/မရှိ”နှင့် စပ်လျဉ်းသည့် မေးခွန်းအား မေးမြန်းရာ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခွန်ရဲထွေးက လည်းကောင်း၊ မိုင်းပန် မြို့နယ်မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းအောင်ခမ်းက “ရှမ်းပြည် နယ်၏ အကျိုးအတွက် စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့ကြသူများအား ၂၀၁၄ ခုနှစ်၊ ရှမ်းပြည်နယ်ဂုဏ်ထူး ဆောင်လက်မှတ် နှင့် ဂုဏ်ထူးဆောင်ဆုပစ္စည်း ချီးမြှင့်အပ်နှင်းခြင်းဆိုင်ရာ ဥပဒေနှင့်အညီချီးမြှင့် ပေးရန် အစီအစဉ်ရှိ/မရှိ” နှင့် စပ်လျဉ်းသည့်မေးခွန်းအားမေးမြန်းရာ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းကလည်းကောင်း၊ မိုင်းရှူးမြို့နယ် မဲဆန္ဒနယ်အမှတ်(၁) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းလင်းမြတ်က “ ရှမ်းပြည်နယ်စည်ပင်သာယာရေး နည်းဥပဒေရေးဆွဲ ပြဋ္ဌာန်း ရန်ကိစ္စ” နှင့် စပ်လျဉ်းသည့်မေးခွန်းအားမေးမြန်းရာ ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းစွံဆိုင်းက လည်းကောင်းအသီးသီး ပြန်လည်ဖြေကြားကြသည်။

ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်၊ ရှမ်းပြည်နယ် ဒေသန္တရစီမံကိန်းဥပဒေ(မူကြမ်း)နှင့် ၂၀၁၉-၂၀၂၀ခု၊ ဘဏ္ဍာရေးနှစ် ရှမ်းပြည်နယ်၏ ဘဏ္ဍာငွေ အရ အသုံးဆိုင်ရာ ဥပဒေ(မူကြမ်း)တို့အား ပြည်နယ်စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးညွန့်လွင်မှ လွှတ်တော်သို့ တင်သွင်းရာ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်၊ ရှမ်းပြည်နယ်ဒေသန္တရစီမံကိန်း ဥပဒေ (မူကြမ်း)ကို ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ( ၁၉ )ရက် (ကြာသပတေးနေ့ ) တွင် ဆွေးနွေးမည် ဖြစ်ကြောင်းနှင့် ၂၀၁၉-၂၀၂၀ခု၊ ဘဏ္ဍာရေးနှစ် ရှမ်းပြည်နယ်၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေ(မူကြမ်း)ကို ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ( ၂၀ ) ရက် (သောကြာနေ့)တွင် ဆွေးနွေးမည် ဖြစ်ကြောင်း၊ ဥပဒေ(မူကြမ်း) နှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသော ကိုယ်စားလှယ်များ ရှိပါက ဆွေးနွေးလိုသည့် အချက်များဖော်ပြ၍ ယနေ့ညနေ (၅)နာရီ နောက်ဆုံးထား၍ ရှမ်းပြည်နယ် လွှတ်တော်ရုံး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ထံ အမည်စာရင်း ပေးသွင်းနိုင်ကြောင်း ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌက ကြေညာသည်။

၎င်းနောက် နမ့်ဆန်မြို့နယ် မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ထွဏ်းက “ရှမ်းပြည်နယ်ရှိ တိုင်းရင်းသားလူမျိုးများ၏ စာပေယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်း များမြှင့်တင်ရန်နှင့် ရိုးရာဓလေ့ပွဲလမ်းသဘင်များ ကျင်းပနိုင်ရေးအတွက် ရှမ်းပြည်နယ်အစိုးရ အဖွဲ့၏ ရသုံးမှန်းခြေငွေစာရင်းတွင် နှစ်စဉ်ထည့်သွင်းရေးဆွဲရေး” အဆိုကို ပြည်နယ်လွှတ်တော်သို့ တင်သွင်းရာ ယင်းအဆိုအား နမ့်ခမ်းမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးအေးမောင်က ထောက်ခံဆွေးနွေးပြီး ၎င်းအဆိုကို လက်ခံဆွေးနွေးရန် သင့်/ မသင့် လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ လွှတ်တော်ကသဘောတူသဖြင့် အဆိုကို ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ( ၁၈ ) ရက် (ဗုဒ္ဓဟူးနေ့)တွင် ဆွေးနွေးမည်ဖြစ်ကြောင်း နှင့် ဆွေးနွေး လိုသည့် ကိုယ်စားလှယ်များရှိပါက ယနေ့ညနေ (၅)နာရီ နောက်ဆုံးထား၍ ရှမ်းပြည်နယ် လွှတ်တော်ရုံး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်ထံ အမည်စာရင်းပေးသွင်းနိုင်ကြောင်း ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌက ကြေညာသည်။

ထို့နောက် ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် (၁၆)ကြိမ်မြောက်ပုံမှန် အစည်းအဝေး (ပထမနေ့)ကို (၁၂:၀၀)နာရီအချိန်တွင် ပြီးမြောက်ကြောင်း ကြေညာပြီး (ဒုတိယနေ့)ကို စက်တင်ဘာလ (၁၈)ရက်နေ့ နံနက်(၁၀)နာရီအချိန်တွင် ဆက်လက်ကျင်းပ ပြုလုပ်သွားမည် ဖြစ်ပါသည်။

Leave a reply