Thursday, May 28

ရှမ်းပြည်နယ်လွှတ်တော်ရုံးတွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါ(Covid-19) ကြိုတင်ကာကွယ်တားဆီးရေးလုပ်ငန်းများဆောင်ရွက်

0
336

ရှမ်းပြည်နယ်လွှတ်တော်ရုံးတွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါ(Covid-19) ကြိုတင်ကာကွယ်တားဆီးရေးလုပ်ငန်းများဆောင်ရွက်

တောင်ကြီး     ဧပြီ – ၂

     ရှမ်းပြည်နယ်လွှတ်တော်ရုံးအနေဖြင့်  ကမ္ဘာအနှံ့အပြားတွင် လတ်တလောဖြစ်ပွားလျက် ရှိသည့် ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကာကွယ်တားဆီးကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး အတွက် နိုင်ငံတော်သမ္မတရုံး၏ ညွှန်ကြားချက်နှင့်အညီ ရုံး၏လက်ရှိဝန်ထမ်းအင်အား (၅၀) ရာခိုင်နှုန်းကိုသာ အလှည့်ကျရုံးတက်စေခြင်း၊ ရုံးအဆောက်အဦအဝင်ပေါက်တွင် လက်ဆေးကန် ဘေစင်နှင့် ဆပ်ပြာရည်များထားရှိပေးခြင်း၊ စာပေးစာယူနေရာတွင် လက်သန့်ဆေးရည် (Hand Gel) ဘူးများထားရှိပေးခြင်း၊ ရုံးခန်းအဝင်ပေါက်တွင် Covid -19 ကာကွယ်ရေးသတိပေးလမ်းညွှန်ဗီနိုင်း များကပ်ထားခြင်း၊ လက်သန့်ဆေးရည် (Hand Gel) များအား ဌာနစုအလိုက်စားပွဲခုံများပေါ်တွင် ထားရှိပေးခြင်း၊ စာရေးစားပွဲခုံများအား (၃) ပေအကွာခြား၍ နေရာချထားခြင်း၊ နေ့စဉ်အသုံးပြု လျက်ရှိသည့် ကွန်ပျူတာများ၊ မိတ္တူကူးစက်များ၊ မီးခလုတ်များအားအရက်ပြန်ဖြင့် နေ့စဉ်ပိုးသတ် စေခြင်း၊ တစ်ဦးနှင့်တစ်ဦး သတ်မှတ်အကွာအဝေးအတိုင်းဆောင်ရွက်စေခြင်းတို့ကို ဆောင်ရွက်လျက် ရှိပါသည်။

 

Leave a reply