Tuesday, October 27

ရှမ်းပြည်နယ်ဘဏ္ဍာရန်ပုံငွေတွင်ပါဝင်သော ဌာန/အဖွဲ့အစည်းများ၏ ၂၀၂၀-၂၀၂၁ခု ဘဏ္ဍာရေးနှစ် အရအသုံးခန့်မှန်းခြေငွေစာရင်းနှင့် ပတ်သက်၍ အကြိုညှိနှိုင်းအစည်းအဝေးကျင်းပ

0
407

ရှမ်းပြည်နယ်ဘဏ္ဍာရန်ပုံငွေတွင်ပါဝင်သော ဌာန/အဖွဲ့အစည်းများ၏ ၂၀၂၀-၂၀၂၁ခု ဘဏ္ဍာရေးနှစ် အရအသုံးခန့်မှန်းခြေငွေစာရင်းနှင့် ပတ်သက်၍  အကြိုညှိနှိုင်းအစည်းအဝေးကျင်းပ

တောင်ကြီး     မေ – ၁၄

   ရှမ်းပြည်နယ်ဘဏ္ဍာရန်ပုံငွေတွင်ပါဝင်သော ဌာန/အဖွဲ့အစည်းများ၏ ၂၀၂၀-၂၀၂၁ခု ဘဏ္ဍာရေးနှစ် အရအသုံးခန့်မှန်းခြေငွေစာရင်းနှင့် ပတ်သက်၍ အကြိုညှိနှိုင်း အစည်းအဝေးအား ညနေ(၁၅၃၀)နာရီအချိန်တွင် ရှမ်းပြည်နယ်လွှတ်တော် ကျားခေါင်းခန်းမ၌ ကျင်းပခဲ့ပါသည်။

   ပထမဦးစွာ ရှမ်းပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊  ဦးစဝ်အောင်မြတ်က အဖွင့်အမှာစကား ပြောကြားရာတွင် ရှမ်းပြည်နယ် ဘဏ္ဍာရန်ပုံငွေတွင်ပါဝင်သောဌာန/ အဖွဲ့အစည်းများ၏ ၂၀၂၀-၂၀၂၁ ခု ဘဏ္ဍာရေးနှစ်အတွက် အရအသုံးခန့်မှန်းခြေငွေစာရင်းကို ရှမ်းပြည်နယ်လွှတ်တော်က အတည်ပြုပေးနိုင်ရေးအတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ရှမ်းပြည်နယ်လွှတ်တော်သို့ သဝဏ်လွှာပေးပို့လာသည့်အတွက် ငွေလုံးငွေရင်းအသုံးစရိတ် ကျပ်သန်းတစ်ထောင်နှင့် အထက်ရှိသည့် ဌာန/အဖွဲ့အစည်း(၉)ခု၊ ပြည်နယ်အစိုးရအဖွဲ့ လက်အောက်ရှိ ဌာနအဖွဲ့အစည်း(၆)ခုကို ၂၀၁၃ ခုနှစ် ရှမ်းပြည်နယ်လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၆၄ အရ ကြားနာပွဲကျင်းပရန် အကြိုညှိနှိုင်း အစည်းအဝေးခေါ်ယူရခြင်းဖြစ် ကြောင်းနှင့် ရှမ်းပြည်နယ်ဘဏ္ဍာရန်ပုံငွေတွင် ပါဝင်သော ဌာန/အဖွဲ့အစည်းများ၏ ၂၀၂၀-၂၀၂၁ ခု ဘဏ္ဍာရေးနှစ်အတွက် အခွန်အကောက်ရငွေခန့်မှန်းခြေစာရင်း၊ အရအသုံး ခန့်မှန်းခြေ ငွေစာရင်း၊ ဌာန/အဖွဲ့အစည်းများ၏ ငွေလုံးငွေရင်းအသုံးစရိတ်စာရင်းတို့ကို အချုပ်အားဖြင့် ရှင်းလင်းပြီး ရှမ်းပြည်နယ်ဘဏ္ဍာရန်ပုံငွေတွင်ပါဝင်သော ဌာန/အဖွဲ့အစည်း များ၏ ၂၀၂၀-၂၀၂၁ ခု၊ ဘဏ္ဍာရေးနှစ် အရအသုံးခန့်မှန်းခြေငွေစာရင်းနှင့် ပတ်သက်၍ ဌာနများအားခွဲဝေစိစစ်ရန် ကော်မတီအလိုက် တာဝန်ပေးအပ်ခဲ့ပါသည်။

   ၎င်းနောက် တက်ရောက်လာသည့် ကော်မတီများကအသီးသီးဆွေးနွေးကြပြီး ဒုတိယ ဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကားပြောကြားကာ ညနေ(၁၇:၀၀)နာရီတွင် အကြိုညှိနှိုင်း အစည်းအဝေး ရပ်နားခဲ့ပါသည်။

  အဆိုပါ အစည်းအဝေးသို့ ရှမ်းပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးစဝ်အောင်မြတ် သည် ရှမ်းပြည်နယ်လွှတ်တော်ရေးရာကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ရှမ်းပြည်နယ် လွှတ်တော် ဒေသန္တရစီမံကိန်းနှင့် ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ကော်မတီဝင်များနှင့် အတူ တက်ရောက်ခဲ့ပါသည်။

Leave a reply