Thursday, May 28

ရှမ်းပြည်နယ်လွှတ်တော် ဒေသန္တရစီမံကိန်းနှင့် ဘဏ္ဍာငွေအရအသုံးဆိုင်ရာစိစစ်ရေး ကော်မတီ၏ ဌာနဆိုင်ရာကြားနာပွဲ( ဒုတိယနေ့)ကျင်းပ

0
318

ရှမ်းပြည်နယ်လွှတ်တော် ဒေသန္တရစီမံကိန်းနှင့် ဘဏ္ဍာငွေအရအသုံးဆိုင်ရာစိစစ်ရေး ကော်မတီ၏ ဌာနဆိုင်ရာကြားနာပွဲ( ဒုတိယနေ့)ကျင်းပ

တောင်ကြီး     မေ – ၁၅

   ရှမ်းပြည်နယ်ဘဏ္ဍာရန်ပုံငွေတွင်ပါဝင်သော ဌာန/အဖွဲ့အစည်းများ၏ ၂၀၂၀-၂၀၂၁ ခု ၊ ဘဏ္ဍာရေးနှစ် အတွက် အရအသုံးခန့်မှန်းခြေငွေစာရင်းနှင့် ပတ်သက်သည့် ဌာနဆိုင်ရာများနှင့် ကြားနာပွဲ (ဒုတိယနေ့) အား နံနက်(၀၉၃၀)နာရီအချိန်တွင် ရှမ်းပြည်နယ်လွှတ်တော် ကျားခေါင်းခန်းမ၌ ကျင်းပခဲ့ပါသည်။

   ရှမ်းပြည်နယ်ဘဏ္ဍာရန်ပုံငွေတွင်ပါဝင်သော ဌာန/အဖွဲ့အစည်းများ၏ ၂၀၂၀-၂၀၂၁ ခု ၊ ဘဏ္ဍာရေးနှစ် အတွက် အရအသုံးခန့်မှန်းခြေငွေစာရင်းနှင့် ပတ်သက်၍ နံနက်ပိုင်းအစီအစဉ်တွင် ပြည်နယ်အဆင့် ဌာနဆိုင်ရာများဖြစ်သည့် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊  မီးသတ်ဦးစီးဌာန၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေး လုပ်ငန်းတို့က ဆွေးနွေးတင်ပြခဲ့ပြီး ရှမ်းပြည်နယ်လွှတ်တော်ရေးရာကော်မတီများက အပြန်အလှန်ဆွေးနွေး ကြကာ မွန်းလွှဲ(၁၂:၃၀)နာရီတွင် နံနက်ပိုင်းအစီအစဉ်ကို ခေတ္တရပ်နားခဲ့ပါသည်။

   ၎င်းနောက် မွန်းလွှဲ(၁၃:၄၅)နာရီတွင် ပြည်နယ်အဆင့်ဌာနဆိုင်ရာများဖြစ်သည့် လမ်းဦးစီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၊ အားကစားနှင့် ကာယပညာ ဦးစီးဌာန၊ စည်ပင်သာယာရေးဌာနတို့က ဆွေးနွေးတင်ပြ၍ ရှမ်းပြည်နယ်လွှတ်တော်ရေးရာ ကော်မတီဝင် များက အပြန်အလှန်ဆွေးနွေးခဲ့ကြပြီး ရှမ်းပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌမှ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ပြီးနောက် အခမ်းအနားအား ညနေ( ၁၇:၀၀ )နာရီတွင် ပြီးစီးခဲ့ပါသည်။

အဆိုပါ အစည်းအဝေးသို့ ရှမ်းပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးစဝ်အောင်မြတ်၊  ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင်၊ ပြည်နယ်စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးညွန့်လွင်၊ ပြည်နယ် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးဦးခွန်ရဲထွေး၊ ပြည်နယ်လျှပ်စစ်၊ စွမ်းအင်နှင့် စက်မှုဝန်ကြီးဦးစိုင်းရှဲန်တစ်လုံ၊ ရှမ်းပြည်နယ် လွှတ်တော်ဒေသန္တရစီမံကိန်းနှင့်ဘဏ္ဍာငွေအရအသုံးဆိုင်ရာစိစစ်ရေးကော်မတီဝင်များ၊ ရှမ်းပြည်နယ် လွှတ်တော်ရေးရာကော်မတီဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များတက်ရောက်ခဲ့ပါသည်။

Leave a reply