Thursday, August 6

Covid -19 ကာလအတွင်း ကျန်းမာရေးအထောက်အကူပြုပစ္စည်းများ၊ အခြေခံစားသောက်ကုန်များ ပေးအပ်လှူဒါန်းခြင်းနှင့် ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခြင်းအခမ်းအနားကျင်းပ

0
305

Covid -19 ကာလအတွင်း ကျန်းမာရေးအထောက်အကူပြုပစ္စည်းများ၊ အခြေခံစားသောက်ကုန်များ ပေးအပ်လှူဒါန်းခြင်းနှင့် ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခြင်းအခမ်းအနားကျင်းပ

တောင်ကြီး     မေ – ၁၅

Covid -19 ကာလအတွင်း ကျန်းမာရေးအထောက်အကူပြုပစ္စည်းများ၊ အခြေခံစားသောက်ကုန်များ ပေးအပ်လှူဒါန်းခြင်းနှင့် ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခြင်းအခမ်းအနားကို ယနေ့ နံနက် ၉နာရီ ၃၀ မိနစ် အချိန်တွင် ရှမ်းပြည်နယ်လွှတ်တော်ရုံး၊ ကျားခေါင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

 

အဆိုပါအခမ်းအနားတွင် ရှမ်းပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးစဝ်အောင်မြတ်က ထောက်ပံ့ လှူဒါန်းခဲ့သည့် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များနှင့် ကူညီဆောင်ရွက် ပေးခဲ့သော ရှမ်းပြည်နယ်မီးသတ်ဦးစီးဌာနတို့အား ကျေးဇူးတင်စကားပြောကြားခဲ့ပါသည်။

     အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် ကုန်းကြမ်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးကျောက်တယ်ချန်တို့မှ ကျန်းမာရေးအထောက်အကူပြုပစ္စည်းများကို လည်းကောင်း၊  မိုင်းဆတ်မြို့နယ်၊ မဲဆန္ဒနယ် အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဦးဒါဝိဒ်နှင့် တာချီလိတ်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဦးခင်မောင်တင့်တို့က အခြေခံစားသောက်ကုန်ပစ္စည်းများကိုလည်းကောင်း ရှမ်းပြည်နယ်လွှတ်တော်ရုံးအတွက် အသီးသီးပေးအပ် လှူဒါန်းခဲ့ကြရာ ရှမ်းပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌက ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်ခဲ့ပါသည်။

    ၎င်းနောက် ရှမ်းပြည်နယ်လွှတ်တော်ရုံးဝင်းအတွင်း၊ ရှမ်းပြည်နယ်လွှတ်တော်အဆောက်အဦနှင့် ဧည့်ရိပ်သာတို့တွင် ပိုးသတ်ဆေးဖြန်းခြင်းလုပ်ငန်းများကို ကူညီဆောင်ရွက်ပေးခဲ့သည့် ရှမ်းပြည်နယ်မီးသတ် ဦးစီးဌာနမှ ညွှန်ကြားရေးမှူးကိုလည်း ရှမ်းပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌက ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ပါသည်။

 

Leave a reply