Thursday, August 6

ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် အထူးအစည်းအဝေး(၁/၂၀၂၀) (ပထမနေ့)ကျင်းပ

0
329

ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော်

အထူးအစည်းအဝေး(၁/၂၀၂၀) (ပထမနေ့)ကျင်းပ

 

တောင်ကြီး    မေ   ၁၈

 

   ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် အထူးအစည်းအဝေး(၁/၂၀၂၀) (ပထမနေ့)ကို မေလ(၁၈) ရက်  (တနင်္လာနေ့)၊ နံနက် (၁၀)နာရီအချိန်တွင် ရှမ်းပြည်နယ်လွှတ်တော် အစည်းအဝေး ခန်းမ၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ် လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များ၊ တပ်မတော်သားကိုယ်စားလှယ်များတက်ရောက်ကြသည်။

         အစည်းအဝေးတွင် ရှမ်းပြည်နယ်လွှတ်တော်ရုံး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်နန်းမိုခမ်းက အခမ်းအနားမှူးအဖြစ် ဆောင်ရွက်သည်။

အစည်းအဝေး မတက်ရောက်နိုင်သော ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် (၂၄)ဦး တို့အတွက် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များစိစစ်ရေးကော်မတီ ဥက္ကဋ္ဌ၊ နမ့်စန်မြို့နယ် မဲဆန္ဒနယ် အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလင်းအောင်ဆွေက ခွင့်ပန်ကြားပြီး ပြည်နယ် လွှတ်တော်က သဘောတူကြောင်းနှင့် အစည်းအဝေးအထမြောက်မှုကို အတည်ပြုကြောင်း ကြေညာပါသည်။

   ထို့နောက် ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌက အစည်းဝေးတက်ရောက်ခွင့်ရှိသူ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် (၁၃၉)ဦး ရှိသည့်အနက် ခွင့်ပန်ကြားသူ(၂၄)ဦး ရှိပြီး အစည်းအဝေးသို့ (၁၁၅)ဦး တက်ရောက်သဖြင့် (၈၂.၇၃)%  ရှိသောကြောင့် အစည်းအဝေးအထမြောက်ကြောင်းနှင့် ပထမနေ့ အစည်းအဝေးစတင် ကျင်းပကြောင်း ကြေညာပါသည်။ ထို့နောက် ရှမ်းပြည်နယ် လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးစဝ်အောင်မြတ်(ခ) ဦးအောင်မြတ်က နှုတ်ခွန်းဆက်စကားပြောကြား ပါသည်။

   ၎င်းနောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးညွန့်လွင် (ခ) ဦးစိုးကြီးက ရှမ်းပြည်နယ်ဘဏ္ဍာရန်ပုံငွေတွင်ပါဝင်သော ဌာန/အဖွဲ့အစည်းများ၏ ၂၀၂၀-၂၀၂၁ ခု၊ ဘဏ္ဍာရေးနှစ် အရအသုံးခန့်မှန်းခြေငွေစာရင်းအား ရှမ်းပြည်နယ်လွှတ်တော်သို့ တင်သွင်းခဲ့ပြီး  (၁၉.၅.၂၀၂၀)ရက် အင်္ဂါနေ့တွင် ပြည်နယ်လွှတ်တော်၌ ဆွေးနွေးသွားမည်ဖြစ်ကြောင်းနှင့် ဆွေးနွေး လိုသည့် ကိုယ်စားလှယ်များရှိပါက ယနေ့ညနေ(၅)နာရီ နောက်ဆုံးထား၍ ပြည်နယ်လွှတ်တော်ရုံး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်ထံ အမည်စာရင်းပေးသွင်းနိုင်ကြောင်း ပြည်နယ်လွှတ်တော်ဒုတိယ ဥက္ကဋ္ဌက ကြေညာပါသည်။

   ဆက်လက်၍ ပင်းတယမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးညီညီ(ခ)ဦးညီလေးချမ်းက (၂.၄.၂၀၂၀)ရက်နေ့တွင် ကွယ်လွန်ခဲ့သည့် မိုင်းယန်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးတင်ဝင်းအတွက် ဝမ်းနည်းကြောင်း အဆို တင်သွင်းခဲ့ပါသည်။

   ၎င်းနောက် ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးစဝ်အောင်မြတ်(ခ) ဦးအောင်မြတ် က ပြည်နယ်လွှတ်တော် ရေးရာကော်မတီ ၁၀ခု သက်တမ်းတိုးမြှင့်ခြင်းကို လွှတ်တော်၏ အတည်ပြု ချက်ရယူရာ လွှတ်တော်က သဘောတူသဖြင့် ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌက အတည်ပြု ကြောင်း ကြေညာပါသည်။

ထို့နောက် ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် အထူးအစည်းအဝေး(၁/၂၀၂၀) (ပထမနေ့)ကို (၁၀:၃၅)နာရီအချိန်တွင် ပြီးမြောက်ကြောင်းကြေညာပါသည်။ အထူးအစည်း အဝေး(၁/၂၀၂၀) (ဒုတိယနေ့)ကို မေလ (၁၉)ရက် အင်္ဂါနေ့ နံနက်(၁၀)နာရီအချိန်တွင် ဆက်လက် ကျင်းပပြုလုပ်သွားမည် ဖြစ်ပါသည်။

Leave a reply