Thursday, August 13

၂၀၁၉-၂၀၂၀ခု၊ ဘဏ္ဍာရေးနှစ်အတွက် ပြည်ထောင်စုမှ စိစစ်လျော့ချပြီးသည့် ဖြည့်စွက်ခွင့်ပြုငွေစာရင်းနှင့် ၂၀၁၉-၂၀၂၀ခု၊ ဘဏ္ဍာရေးနှစ် ရှမ်းပြည်နယ်၏ နောက်ထပ် ဘဏ္ဍာငွေခွဲဝေသုံးစွဲရေးဥပဒေ(မူကြမ်း)အပေါ် ဌာနဆိုင်ရာများနှင့် ကြားနာပွဲအတွက် အကြိုညှိနှိုင်းအစည်းအဝေး ကျင်းပ

0
265

၂၀၁၉-၂၀၂၀ခု၊ ဘဏ္ဍာရေးနှစ်အတွက် ပြည်ထောင်စုမှ စိစစ်လျော့ချပြီးသည့် ဖြည့်စွက်ခွင့်ပြုငွေစာရင်းနှင့် ၂၀၁၉-၂၀၂၀ခု၊ ဘဏ္ဍာရေးနှစ် ရှမ်းပြည်နယ်၏ နောက်ထပ် ဘဏ္ဍာငွေခွဲဝေသုံးစွဲရေးဥပဒေ(မူကြမ်း)အပေါ် ဌာနဆိုင်ရာများနှင့် ကြားနာပွဲအတွက် အကြိုညှိနှိုင်းအစည်းအဝေး ကျင်းပ

တောင်ကြီး     ဇွန် – ၁၅

          ၂၀၁၉-၂၀၂၀ခု၊ ဘဏ္ဍာရေးနှစ်အတွက် ပြည်ထောင်စုမှ စိစစ်လျော့ချပြီးသည့် ဖြည့်စွက်ခွင့်ပြုငွေ စာရင်းနှင့် ၂၀၁၉-၂၀၂၀ခု၊ ဘဏ္ဍာရေးနှစ် ရှမ်းပြည်နယ်၏ နောက်ထပ် ဘဏ္ဍာငွေခွဲဝေသုံးစွဲရေး ဥပဒေကြမ်း အပေါ် ဌာနဆိုင်ရာများနှင့် ကြားနာပွဲအတွက် အကြိုညှိနှိုင်းအစည်းအဝေးကို ဇွန်လ (၁၅)ရက်နေ့ နံနက်(၁၀)နာရီအချိန်တွင် ရှမ်းပြည်နယ် လွှတ်တော် ရေးရာကော်မတီအခန်း(၁)၌ ကျင်းပပါသည်။

အခမ်းအနားတွင် ရှမ်းပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ ရှမ်းပြည်နယ်လွှတ်တော် ဥပဒေပြုရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဦးစဝ်အောင်မြတ်က အဖွင့်အမှာစကား ပြောကြားပြီး၊ ၂၀၁၉-၂၀၂၀ခု၊ ဘဏ္ဍာရေးနှစ်အတွက် ပြည်ထောင်စုမှ စိစစ်လျော့ချပြီးသည့် ဖြည့်စွက် ခွင့်ပြုငွေစာရင်းနှင့် ၂၀၂၀ပြည့်နှစ် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်၏ဘဏ္ဍာငွေအရအသုံး ရေးဆွဲတင်သွင်းခြင်းဆိုင်ရာဥပဒေနှင့် ပတ်သက်၍ ရှင်းလင်းကာ တက်ရောက်လာသည့် ကော်မတီဝင်များက ဖြည့်စွက်ခွင့်ပြုငွေစာရင်းနှင့် ဥပဒေ(မူကြမ်း)အပေါ် သုံးသပ်အကြံပြု နိုင်ရန် ဆွေးနွေးကြပါသည်။

          ထို့နောက် ရှမ်းပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ ရှမ်းပြည်နယ်လွှတ်တော် ဥပဒေပြုရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဦးစဝ်အောင်မြတ်က နိဂုံးချုပ် အမှာစကား ပြောကြား ပြီး၊ အစည်းအဝေးကို နံနက်(၁၁:၄၅)အချိန်တွင် ရပ်နားခဲ့ပါသည်။ အဆိုပါအစည်းအဝေးသို့ ဥပဒေပြုရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါသည်။

Leave a reply