Thursday, August 13

ရှမ်းပြည်နယ်လွှတ်တော်ဥပဒေပြုရေးဆိုင်ရာကော်မတီ၏ ဌာနဆိုင်ရာများနှင့် ကြားနာပွဲ ကျင်းပ

0
175

ရှမ်းပြည်နယ်လွှတ်တော်ဥပဒေပြုရေးဆိုင်ရာကော်မတီ၏ ဌာနဆိုင်ရာများနှင့် ကြားနာပွဲ ကျင်းပ

တောင်ကြီး ဇွန် ၁၆

           ရှမ်းပြည်နယ်လွှတ်တော် ဥပဒေပြုရေးဆိုင်ရာကော်မတီသည် ရှမ်းပြည်နယ်ဘဏ္ဍာ ရန်ပုံငွေတွင် ပါဝင်သော ဌာန/အဖွဲ့အစည်းများ၏ ၂၀၁၉၂၀၂၀ခု၊ ဘဏ္ဍာရေးနှစ် ဖြည့်စွက်ခွင့်ပြုငွေစာရင်းနှင့် ၂၀၁၉၂၀၂၀ခု၊ ဘဏ္ဍာရေးနှစ် ရှမ်းပြည်နယ်၏ နောက်ထပ် ဘဏ္ဍာငွေခွဲဝေသုံးစွဲရေး ဥပဒေ(မူကြမ်း)အပေါ် ဌာနဆိုင်ရာများနှင့် ကြားနာပွဲ အခမ်းအနားကို (၁၆..၂၀၂၀) ရက်နေ့ (၀၉:၃၀)နာရီတွင်  ရှမ်းပြည်နယ်လွှတ်တော် ကျားခေါင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

          အခမ်းအနားတွင် ရှမ်းပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ ရှမ်းပြည်နယ်လွှတ်တော် ဥပဒေပြုရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဦးစဝ်အောင်မြတ်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ရှမ်းပြည်နယ်ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးက ပြည်ထောင်စုမှ စိစစ် လျော့ချပြီးသော ၂၀၁၉၂၀၂၀ခု၊ ဘဏ္ဍာရေးနှစ် ဖြည့်စွက်ခွင့်ပြုငွေစာရင်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပါသည်။

          ထို့နောက် ရှမ်းပြည်နယ်ဘဏ္ဍာရန်ပုံငွေတွင်ပါဝင်သော ဌာန/ အဖွဲ့အစည်းများ၏ ၂၀၁၉၂၀၂၀ခု၊ ဘဏ္ဍာရေးနှစ် ဖြည့်စွက်ခွင့်ပြုငွေစာရင်းနှင့် ပတ်သက်၍ နံနက်ပိုင်း အစီအစဉ်တွင် ပြည်နယ်အဆင့် ဌာနဆိုင်ရာများဖြစ်သည့် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ရုပ်ရှင်မြင့်တင်ရေး၊ ပြည်နယ်ဒေသဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံး (နတလ)တို့က ဆွေးနွေးတင်ပြပြီး၊ နေ့လယ်ပိုင်းတွင် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန၊ လမ်းဦးစီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနနှင့် စီမံကိန်းရေးဆွဲရေးဦးစီးဌာနတို့က ဆွေးနွေးတင်ပြခဲ့ရာ ရှမ်းပြည်နယ်လွှတ်တော်ဥပဒေပြုရေးဆိုင်ရာကော်မတီနှင့် ဒေသန္တရ စီမံကိန်းနှင့် ဘဏ္ဍာငွေအရအသုံး ဆိုင်ရာစိစစ်ရေးကော်မတီဝင်များက အပြန်အလှန် မေးမြန်းဆွေးနွေးခဲ့ကြပြီး၊ ပထမနေ့ အစီအစဉ်ကို (၁၆း၂၅)နာရီတွင် ပြီးစီးခဲ့၍ ဒုတိယနေ့ အစီအစဉ်ကို ဇွန်လ(၁၇)ရက်နေ့တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ပါသည်။

          အဆိုပါ အစည်းအဝေးသို့ ရှမ်းပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ ရှမ်းပြည်နယ် လွှတ်တော် ဥပဒေပြုရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဦးစဝ်အောင်မြတ်နှင့် အဖွဲ့ဝင်များ၊ ရှမ်းပြည်နယ်လွှတ်တော် ဒေသန္တရစီမံကိန်းနှင့် ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ကော်မတီဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ပါသည်။

Leave a reply