Saturday, October 17

ရှမ်းပြည်နယ်လွှတ်တော်ဥပဒေပြုရေးဆိုင်ရာကော်မတီ၏ ဌာနဆိုင်ရာများနှင့် ကြားနာပွဲ ( ဒုတိယနေ့ ) ကျင်းပ

0
225

ရှမ်းပြည်နယ်လွှတ်တော်ဥပဒေပြုရေးဆိုင်ရာကော်မတီ၏ ဌာနဆိုင်ရာများနှင့် ကြားနာပွဲ

( ဒုတိယနေ့ ) ကျင်းပ

တောင်ကြီး     ဇွန် – ၁၇

ရှမ်းပြည်နယ်လွှတ်တော် ဥပဒေပြုရေးဆိုင်ရာကော်မတီသည် ရှမ်းပြည်နယ်ဘဏ္ဍာရန်ပုံငွေတွင် ပါဝင်သော ဌာန/အဖွဲ့အစည်းများ၏ ၂၀၁၉-၂၀၂၀ခု၊ ဘဏ္ဍာရေးနှစ် ဖြည့်စွက်ခွင့်ပြုငွေစာရင်းနှင့် ၂၀၁၉-၂၀၂၀ခု၊ ဘဏ္ဍာရေးနှစ် ရှမ်းပြည်နယ်၏ နောက်ထပ် ဘဏ္ဍာငွေခွဲဝေသုံးစွဲရေး ဥပဒေ(မူကြမ်း)အပေါ် ဌာနဆိုင်ရာများနှင့် ကြားနာပွဲ(ဒုတိယနေ့) အခမ်းအနားကို (၁၇.၆.၂၀၂၀)ရက်နေ့ (၀၉း၃၀)နာရီတွင် ရှမ်းပြည်နယ်လွှတ်တော်ရုံး ကျားခေါင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

     ဆက်လက်၍ ရှမ်းပြည်နယ်ဘဏ္ဍာရန်ပုံငွေတွင် ပါဝင်သော ဌာန/အဖွဲ့အစည်းများ၏ ၂၀၁၉-၂၀၂၀ခု၊ ဘဏ္ဍာရေးနှစ် ဖြည့်စွက်ခွင့်ပြုငွေစာရင်းနှင့် ပတ်သက်၍ နံနက်ပိုင်း အစီအစဉ်တွင် ပြည်နယ်အဆင့် ဌာနဆိုင်ရာများဖြစ်သည့် ဥပဒေချုပ်ရုံး၊ စာရင်းစစ်ချုပ်ရုံး၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မီးသတ် ဦးစီးဌာန၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းတို့က ဆွေးနွေးတင်ပြပြီး၊ နေ့လယ်ပိုင်းတွင် ဗဟိုစာရင်းအင်းအဖွဲ့၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ သမဝါယမဦးစီးဌာန၊ သစ်တောဦးစီးဌာနတို့က ဆွေးနွေးတင်ပြခဲ့ရာ ရှမ်းပြည်နယ်လွှတ်တော် ဥပဒေပြုရေးဆိုင်ရာကော်မတီနှင့် ဒေသန္တရစီမံကိန်းနှင့် ဘဏ္ဍာငွေအရအသုံး ဆိုင်ရာ စိစစ်ရေးကော်မတီဝင်များက အပြန်အလှန်မေးမြန်း ဆွေးနွေးခဲ့ကြပြီး၊ ဒုတိယနေ့ အစီအစဉ် (၁၅း၃၅)နာရီတွင် ပြီးစီးခဲ့၍ တတိယနေ့ အစီအစဉ်ကို ဇွန်လ(၁၈) ရက်နေ့တွင် ဆက်လက်ကျင်းပသွားမည် ဖြစ်ပါသည်။

     အဆိုပါ အစည်းအဝေးသို့ ရှမ်းပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ ရှမ်းပြည်နယ်လွှတ်တော် ဥပဒေပြုရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဦးစဝ်အောင်မြတ်နှင့် အဖွဲ့ဝင်များ၊ ရှမ်းပြည်နယ်လွှတ်တော် ဒေသန္တရစီမံကိန်းနှင့် ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ပါသည်။

Leave a reply