Thursday, August 13

ရှမ်းပြည်နယ်လွှတ်တော်ဥပဒေပြုရေးဆိုင်ရာကော်မတီ၏ ဌာနဆိုင်ရာများနှင့် ကြားနာပွဲ ( တတိယနေ့ ) ကျင်းပ

0
171

ရှမ်းပြည်နယ်လွှတ်တော်ဥပဒေပြုရေးဆိုင်ရာကော်မတီ၏ ဌာနဆိုင်ရာများနှင့် ကြားနာပွဲ

( တတိယနေ့ ) ကျင်းပ

တောင်ကြီး     ဇွန် – ၁၈

 

ရှမ်းပြည်နယ်လွှတ်တော် ဥပဒေပြုရေးဆိုင်ရာကော်မတီသည် ရှမ်းပြည်နယ်ဘဏ္ဍာ ရန်ပုံငွေတွင် ပါဝင်သော ဌာန/ အဖွဲ့အစည်းများ၏ ၂၀၁၉-၂၀၂၀ခု၊ ဘဏ္ဍာရေးနှစ် ဖြည့်စွက်ခွင့်ပြုငွေစာရင်းနှင့် ၂၀၁၉-၂၀၂၀ခု၊ ဘဏ္ဍာရေးနှစ် ရှမ်းပြည်နယ်၏ နောက်ထပ် ဘဏ္ဍာငွေခွဲဝေသုံးစွဲရေး ဥပဒေ(မူကြမ်း)အပေါ် ဌာနဆိုင်ရာများနှင့် ကြားနာပွဲ(တတိယနေ့) အခမ်းအနားကို (၁၈.၆.၂၀၂၀)ရက်နေ့ (၀၉း၃၀)နာရီတွင် ရှမ်းပြည်နယ်လွှတ်တော်ရုံး ကျားခေါင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

     ရှမ်းပြည်နယ်ဘဏ္ဍာရန်ပုံငွေတွင် ပါဝင်သော ဌာန/ အဖွဲ့အစည်းများ၏ ၂၀၁၉-၂၀၂၀ခု၊ ဘဏ္ဍာရေးနှစ် ဖြည့်စွက်ခွင့်ပြုငွေစာရင်းနှင့် ပတ်သက်၍ ပြည်နယ်အဆင့် ဌာနဆိုင်ရာများ ဖြစ်သည့် စည်ပင်သာယာရေးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာန၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနတို့က ဆွေးနွေးတင်ပြခဲ့ရာ ရှမ်းပြည်နယ်လွှတ်တော် ဥပဒေပြုရေးဆိုင်ရာကော်မတီနှင့် ဒေသန္တရစီမံကိန်းနှင့် ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ စိစစ်ရေးကော်မတီဝင်များက အပြန်အလှန်မေးမြန်း ဆွေးနွေးခဲ့ကြပြီး ကြားနာပွဲ(တတိယနေ့) အစီအစဉ်ကို(၁၂:၁၅)နာရီအချိန်တွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။

အဆိုပါ အစည်းအဝေးသို့ ရှမ်းပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ ရှမ်းပြည်နယ် လွှတ်တော် ဥပဒေပြုရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဦးစဝ်အောင်မြတ်နှင့် အဖွဲ့ဝင်များ၊ ရှမ်းပြည်နယ်လွှတ်တော် ဒေသန္တရစီမံကိန်းနှင့် ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ကော်မတီအဖွဲ့ဝင် များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ပါသည်။

Leave a reply