Wednesday, October 14

၂၀၁၉-၂၀၂၀ခု၊ ဘဏ္ဍာရေးနှစ် ဖြည့်စွက်ခွင့်ပြုငွေစာရင်းနှင့် စပ်လျဉ်း၍ ဌာနဆိုင်ရာများနှင့် ကြားနာပွဲအပေါ် ပြန်လည်သုံးသပ်ဆွေးနွေးခြင်း အစည်းအဝေးကျင်းပ

0
254

၂၀၁၉-၂၀၂၀ခု၊ ဘဏ္ဍာရေးနှစ် ဖြည့်စွက်ခွင့်ပြုငွေစာရင်းနှင့် စပ်လျဉ်း၍  ဌာနဆိုင်ရာများနှင့် ကြားနာပွဲအပေါ် ပြန်လည်သုံးသပ်ဆွေးနွေးခြင်း အစည်းအဝေးကျင်းပ

တောင်ကြီး     ဇွန် – ၁၈

     ရှမ်းပြည်နယ်လွှတ်တော် ဥပဒေပြုရေးဆိုင်ရာကော်မတီသည် ရှမ်းပြည်နယ် ဘဏ္ဍာရန်ပုံငွေတွင် ပါဝင်သော ဌာန/ အဖွဲ့အစည်းများ၏ ၂၀၁၉-၂၀၂၀ခု၊ ဘဏ္ဍာရေးနှစ် ဖြည့်စွက်ခွင့်ပြုငွေစာရင်းနှင့် စပ်လျဉ်း၍  ဌာနဆိုင်ရာများနှင့် ကြားနာပွဲ အခမ်းအနားကို (၁၆)ရက်နေ့မှ (၁၈)ရက်နေ့ထိ ကျင်းပခဲ့ပြီး ကြားနာပွဲ အပေါ်ပြန်လည်သုံးသပ် ဆွေးနွေးခြင်း အစည်းအဝေးကို ယနေ့နေ့လယ်(၁၃း၃၀)နာရီတွင် ကျင်းပခဲ့ပါသည်။

     အဆိုပါအစီအစဉ်တွင် ရှမ်းပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ ဥပဒေပြုရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဦးစဝ်အောင်မြတ်က အမှာစကားပြောကြားပြီး တက်ရောက်လာကြသည့် ကော်မတီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများက ကြားနာပွဲနှင့်စပ်လျဉ်း၍ ပြန်လည်သုံးသပ်ဆွေးနွေး ခဲ့ကြပါသည်။ ထို့နောက် ရှမ်းပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ ဥပဒေပြုရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဦးစဝ်အောင်မြတ်က နိဂုံးချုပ်အမှာစကားပြောကြားကာ (၁၄း၃၀)နာရီ အချိန်တွင် အစီအစဉ် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။

     အဆိုပါ အစည်းအဝေးသို့ ရှမ်းပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ ရှမ်းပြည်နယ် လွှတ်တော် ဥပဒေပြုရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဦးစဝ်အောင်မြတ်နှင့် အဖွဲ့ဝင်များ၊ ရှမ်းပြည်နယ်လွှတ်တော် ဒေသန္တရစီမံကိန်းနှင့် ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ကော်မတီအဖွဲ့ဝင် များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ပါသည်။

Leave a reply