Thursday, October 15

ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် (၁၉ )ကြိမ်မြောက် ပုံမှန်အစည်းအဝေး(ပထမနေ့)ကျင်းပ

0
373

ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော်(၁၉ )ကြိမ်မြောက် ပုံမှန်အစည်းအဝေး(ပထမနေ့)ကျင်းပ

 တောင်ကြီး    ဇွန်   ၂၂

     ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် (၁၉) ကြိမ်မြောက်ပုံမှန်အစည်းအဝေး (ပထမနေ့) ကို ဇွန်လ(၂၂)ရက်  (တနင်္လာနေ့)၊ နံနက် (၁၀)နာရီအချိန်တွင် ရှမ်းပြည်နယ်လွှတ်တော် အစည်းအဝေးခန်းမ၌ကျင်းပရာ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်တရားလွှတ်တော်တရား သူကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊  ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များနှင့် တပ်မတော်သားပြည်နယ်လွှတ်တော်ကိုယ်စားလှယ် များတက်ရောက်ကြသည်။

         အစည်းအဝေးတွင် ရှမ်းပြည်နယ်လွှတ်တော်ရုံး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်နန်းမိုခမ်းက အခမ်းအနားမှူးအဖြစ် ဆောင်ရွက်သည်။

         အစည်းအဝေး မတက်ရောက်နိုင်သော ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် (၁၆)ဦးတို့အတွက် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များစိစစ်ရေးကော်မတီ ဥက္ကဋ္ဌ၊ နမ့်စန်မြို့နယ် မဲဆန္ဒနယ်   အမှတ် (၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလင်းအောင်ဆွေက ခွင့်ပန်ကြားပြီး ပြည်နယ် လွှတ်တော်မှ သဘောတူကြောင်းနှင့် အစည်းအဝေးအထမြောက်မှုကို ပြည်နယ်လွှတ်တော်မှ အတည်ပြုကြောင်း ကြေညာပါသည်။

     ဆက်လက်၍ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက အစည်းဝေးတက်ရောက်ခွင့်ရှိသူ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် (၁၃၉)ဦး ရှိသည့်အနက် ခွင့်ပန်ကြားသူ( ၁၆ )ဦး ရှိပြီး အစည်းအဝေးသို့ (၁၂၃)ဦး တက်ရောက်သဖြင့် ( ၈၈.၄၉ )%  ရှိသောကြောင့် အစည်းအဝေး အထမြောက်ကြောင်းနှင့် ပထမနေ့ အစည်းအဝေးစတင် ကျင်းပကြောင်း ကြေညာပါသည်။ ထို့နောက် ရှမ်းပြည်နယ်            လွှတ်တော်ဥက္ကဋ္ဌ ဦးစိုင်းလုံးဆိုင်က နှုတ်ခွန်းဆက်စကား ပြောကြားပါသည်။

     ၎င်းနောက် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်(၁၁)ဦးက ကြယ်ပွင့်ပြမေးခွန်း(၁၃)ခု မေးမြန်းရာ ကျိုင်းတုံမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဝဏ္ဏစိုးက “ ရှမ်းပြည်နယ်အတွင်းတွင် ဘဏ္ဍာနှစ်အလိုက် ရေခွန်ကြွေးကျန်မည်မျှရှိပြီး၊ မည်ကဲ့သို့ ပြီးပြတ်အောင်ဆောင်ရွက်မည်နှင့် လက်ရှိရေခွန်ကောက်ခံနေသည့် အစီအမံများ” နှင့် စပ်လျဉ်းသည့်မေးခွန်းအားမေးမြန်းရာ ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးစိုင်းလုံကျော်ကလည်းကောင်း၊ ပင်းတယမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးညီညီ(ခ)ဦးညီလေးချမ်းက “ပင်းတယမြို့နယ်၊ မဲနယ်တောင်ကျေးရွာအုပ်စု၊ မဲနယ်တောင်ကျေးရွာတွင် MPT ထပ်ဆင့်မိုဘိုင်းဖုန်းတိုင်များ ပြုလုပ်ပေးရန်” နှင့် စပ်လျဉ်းသည့် မေးခွန်းအားမေးမြန်းရာ ပြည်နယ်လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးခွန်ရဲထွေးကလည်းကောင်း၊ “ရွာငံမြို့နယ်ရှိ ပြဒါးလင်းဂူတောရိုင်းတိရစ္ဆာန်ဘေးမဲ့တော၊ ပန်းလောင်ကြိုးဝိုင်းနှင့် ပြဒါးလင်းဂူ ကြိုးဝိုင်းတောများရှိ မျိုးစိတ်များ၊ တောရိုင်းတိရစ္ဆာန်များ”နှင့် စပ်လျဉ်းသည့်မေးခွန်းအားမေးမြန်းရာ ပြည်နယ်သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာညီညီအောင်က လည်းကောင်း၊ “ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်အသီးသီးတွင် သဘာဝဘေးအန္တရာယ်များ ကျရောက်ပါက တစ်မြို့နယ်လျှင် အရေးပေါ်ငွေသုံးစွဲရန်အတွက် ပြည်နယ်ဘတ်ဂျက်မှ နှစ်စဉ် ကြိုတင်ငွေ လျာထားစီမံဆောင်ရွက်ပေးထားမှု ” နှင့် စပ်လျဉ်းသည့် မေးခွန်းအားမေးမြန်းရာ ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါက်တာအောင်သန်းမောင်က လည်းကောင်း၊ တပ်မတော်သား ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီး လှိုင်းထွန်းအောင်က         “ ကျိုင်းတုံ-တောင်ကြီး ကားလမ်းမှ ဟွေဖြန်းသုသာန်သွားအရှည်(၂)မိုင်ခန့်ရှိ (၁၂)ပေအကျယ် ကတ္တရာလမ်းတွင် ပျက်စီးနေသော လမ်းပိုင်းနေရာများကို ပြန်လည်ပြုပြင်ပေးရန် ” နှင့်  စပ်လျဉ်း သည့် မေးခွန်းအား မေးမြန်းရာ ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းစွံဆိုင်းကလည်းကောင်း၊ နမ့်ခမ်းမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအေးမောင်က “ ရှမ်း ပြည်နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ စွမ်းဆောင်ရည်မြှင့်တင် ရေး၊ တိုးချဲ့ပညာပေး အစီအစဉ်နှင့် ပညာပေးလုပ်ငန်း၊ ခေတ်မီသတင်းအချက်အလက်များ၊ နည်း ပညာများအသုံးပြုခြင်းနှင့် စိုက်ပျိုး မွေးမြူရေး ပညာပေးနည်းစနစ်သစ်များ တိုးမြှင့်သုံးစွဲနိုင်ရေး မည်သို့ဆောင်ရွက်ပေးနေကြောင်း”နှင့် စပ်လျဉ်းသည့် မေးခွန်းအား မေးမြန်းရာ ပြည်နယ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးစိုင်းလုံကျော်က လည်းကောင်း၊ တပ်မတော်သား ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးကျော်ဆန်းမင်းက “ ကလောမြို့နယ်၊ သူရဲကျေးရွာ အုပ်စု၊ မြင်းကကျေးရွာမှ ပိန္နဲပင်ကျေးရွာချင်းဆက် ကျောက်ချောလမ်း(၃)မိုင်(၄)ဖာလုံအား ပြုပြင် ထိန်းသိမ်းပေးရန် အစီအစဉ်ရှိ/မရှိ”နှင့် စပ်လျဉ်းသည့် မေးခွန်းများအားမေးမြန်းရာ ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခွန်ရဲထွေးကလည်းကောင်း၊ ရွာငံမြို့နယ် မဲဆန္ဒနယ်အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအေးမင်းစိုးက “ ရွာငံမြို့နယ်၊ တပင်ပျော်ကျေးရွာအုပ်စု၊ တပင်ပျော်ကျေးရွာတွင် 11 KV (၁.၅)မိုင် နှင့် 400 V (၂)မိုင်၊ 200 KVA ထရန်စဖော်မာ(၁)လုံးအား ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ ”နှင့် စပ်လျဉ်းသည့် မေးခွန်းအားမေးမြန်းရာ ပြည်နယ်လျှပ်စစ် စွမ်းအင်နှင့် စက်မှုဝန်ကြီး ဦးစိုင်းရှဲန်တစ်လုံကလည်းကောင်း၊ တပ်မတော်သား ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဗိုလ်မှူးမျိုးမင်းသူက “ တောင်ကြီးမြို့၊ အမှတ်(၁၁)အခြေခံပညာမူလတန်းလွန် ကျောင်း၌ လိုအပ်လျက်ရှိသော စာသင်ဆောင် ( ၉၀ x  ၃၀ x ၁၈ )ပေ (၂)လုံးနှင့် ပျက်စီးနေသော ရေလောင်းအိမ်သာ(၃)လုံးအား ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ”နှင့် စပ်လျဉ်းသည့် မေးခွန်းအား မေးမြန်းရာ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းကလည်းကောင်း၊ နမ့်ဆန်မြို့နယ် မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ထွဏ်းက “တောင်ကြီးမြို့၊ မြို့လယ်လမ်းမကြီး၊ လူသွားစင်္ကြန် (ပလက်ဖောင်း)ပေါ်တွင် ကျူးကျော်ဆောက်လုပ်ထားခြင်းများ” နှင့် စပ်လျဉ်းသည့် မေးခွန်းအား မေးမြန်းရာ ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းစွံဆိုင်းက လည်းကောင်း၊ တပ်မတော်သားပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးပြည့်ဖြိုးအောင်က “မိုင်းယောင်းမြို့နယ်၊ မိုင်းယုမြို့နယ်ခွဲ၊ တာကြန့်ကျေးရွာအုပ်စု၊ နမ့်နော်(အောက်)ကျေးရွာရှိ နမ့်နော်ချောင်း သစ်တား တံတားအား ဘေလီတံတား(သို့မဟုတ်)သံကူကွန်ကရစ်တံတားအဖြစ် တည်ဆောက်ပေးရန် အစီအစဉ် ရှိ/မရှိ”နှင့် စပ်လျဉ်းသည့်  မေးခွန်းအားမေးမြန်းရာ ပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှဦးကလည်းကောင်း၊ မိုင်းဖြတ်မြို့နယ် မဲဆန္ဒနယ် အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းကျောက်က “မိုင်းဖြတ်မြို့နယ်ရှိ နမ့်လောက်၊ တာမ၊ ဝမ်ဆာ၊ ဆိုင်ဆတ်(ကချင်ရွာ)နှင့် ဝမ်ယန်းမိုင်ကျေးရွာများ လျှပ်စစ်မီးလင်းရေး မည်သို့စီစဉ် ဆောင်ရွက်ပေးမည် ” နှင့်စပ်လျဉ်းသည့် မေးခွန်းအား မေးမြန်းရာ ပြည်နယ်လျှပ်စစ်၊ စွမ်းအင်နှင့် စက်မှုဝန်ကြီး ဦးစိုင်းရှဲန်တစ်လုံကလည်းကောင်း၊ မိုင်းပျဉ်းမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းလှဝင်းက “မိုင်းပျဉ်းမြို့နယ်အတွင်းရှိ အ.မ.က(ခမရ-၅၂၈)နှင့် အ.ထ.က (တုံတာ)ကျောင်းများရှိ အန္တရာယ်ကျောင်းဆောင်များအား အသစ်ပြန်လည် ဆောက်လုပ် ပေးရန် အစီအစဉ်ရှိ/မရှိ ” နှင့် စပ်လျဉ်းသည့် မေးခွန်းအားမေးမြန်းရာ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက လည်းကောင်း အသီးသီးပြန်လည် ဖြေကြားကြသည်။

     ၎င်းနောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးညွန့်လွင် (ခ)ဦးစိုးကြီးက ၂၀၁၉-၂၀၂၀ခု၊ ဘဏ္ဍာရေးနှစ် ရှမ်းပြည်နယ်၏ နောက်ထပ် ဘဏ္ဍာငွေခွဲဝေသုံးစွဲရေး ဥပဒေ(မူကြမ်း)အား ရှမ်းပြည်နယ်လွှတ်တော်သို့ တင်သွင်းခဲ့ပြီး အဆိုပါဥပဒေ(မူကြမ်း)အား (၂၅.၆.၂၀၂၀)ရက်နေ့တွင် ပြည်နယ်လွှတ်တော်၌ ဆွေးနွေးသွားမည်ဖြစ်ကြောင်းနှင့် ဆွေးနွေးလို သည့် ကိုယ်စားလှယ်များရှိပါက ယနေ့ညနေ(၅)နာရီ နောက်ဆုံးထား၍ ပြည်နယ်လွှတ်တော်ရုံး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်ထံ အမည်စာရင်းပေးသွင်းနိုင်ကြောင်း ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက ကြေညာပါသည်။

     ထို့နောက် ပင်းတယမြို့နယ် မဲဆန္ဒနယ်အမှတ်(၂)၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးညီညီ(ခ)ဦးညီလေးချမ်းက “ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်၊ အင်းငယ်ကျေးရွာ အုပ်စုနှင့် မိုင်းလီကျေးရွာအုပ်စုတို့အားပေါင်း၍ မိုင်းလီကျေးရွာအုပ်စု၊ မိုင်းအင်ကျေးရွာကို မိုင်းအင်မြို့အဖြစ် တိုးမြှင့်သတ်မှတ်ပေးရန် တိုက်တွန်းကြောင်း” အဆိုတင်သွင်းရာ မိုင်းဖြတ် မြို့နယ် မဲဆန္ဒနယ်အမှတ်(၁) ဦးစိုင်းကျောက်က ထောက်ခံဆွေးနွေးပြီး ၎င်းအဆိုကို လက်ခံ ဆွေးနွေးရန် သင့်/ မသင့် လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ လွှတ်တော်က သဘောတူသဖြင့် အဆိုကို (၂၃.၆.၂၀၂၀) ရက်နေ့တွင် ဆွေးနွေးမည် ဖြစ်ကြောင်းနှင့် ဆွေးနွေးလိုသည့် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်များရှိပါက ယနေ့ညနေ (၅)နာရီနောက်ဆုံးထား၍ ရှမ်းပြည်နယ် လွှတ်တော်ရုံး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်ထံ အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာပါ သည်။

     ထို့နောက် ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် (၁၉)ကြိမ်မြောက်ပုံမှန် အစည်းအဝေး (ပထမနေ့)ကို (၁၂:၁၅)နာရီအချိန်တွင် ရပ်နားကြောင်းကြေညာပြီး အစည်းအဝေး(ဒုတိယနေ့)ကို ဇွန်လ (၂၃)ရက် နံနက်(၁၀)နာရီအချိန်တွင် ဆက်လက်ကျင်းပပြုလုပ်သွားမည်ဖြစ်ပါသည်။

Leave a reply