Wednesday, October 21

၂၀၁၉-၂၀၂၀ခု၊ ဘဏ္ဍာရေးနှစ်အတွက် ပြည်ထောင်စုမှ စိစစ်လျော့ချပြီးသည့် ဖြည့်စွက်ခွင့်ပြုငွေစာရင်းနှင့် ၂၀၁၉-၂၀၂၀ခု၊ ဘဏ္ဍာရေးနှစ် ရှမ်းပြည်နယ်၏ နောက်ထပ် ဘဏ္ဍာငွေခွဲဝေသုံးစွဲရေးဥပဒေ(မူကြမ်း)အပေါ် အပြီးသတ်ဆွေးနွေးခြင်း အစည်းအဝေး ကျင်းပ

0
399

၂၀၁၉-၂၀၂၀ခု၊ ဘဏ္ဍာရေးနှစ်အတွက် ပြည်ထောင်စုမှ စိစစ်လျော့ချပြီးသည့် ဖြည့်စွက်ခွင့်ပြုငွေစာရင်းနှင့် ၂၀၁၉-၂၀၂၀ခု၊ ဘဏ္ဍာရေးနှစ် ရှမ်းပြည်နယ်၏ နောက်ထပ် ဘဏ္ဍာငွေခွဲဝေသုံးစွဲရေးဥပဒေ(မူကြမ်း)အပေါ် အပြီးသတ်ဆွေးနွေးခြင်း အစည်းအဝေး ကျင်းပ

တောင်ကြီး     ဇွန် – ၂၄

၂၀၁၉-၂၀၂၀ခု၊ ဘဏ္ဍာရေးနှစ်အတွက် ပြည်ထောင်စုမှ စိစစ်လျော့ချပြီးသည့် ဖြည့်စွက်ခွင့်ပြုငွေစာရင်းနှင့် ၂၀၁၉-၂၀၂၀ခု၊ ဘဏ္ဍာရေးနှစ် ရှမ်းပြည်နယ်၏ နောက်ထပ် ဘဏ္ဍာငွေခွဲဝေသုံးစွဲရေး ဥပဒေ(မူကြမ်း)အပေါ် အပြီးသတ်ဆွေးနွေးခြင်းအစည်းအဝေးကို ဇွန်လ (၂၄)ရက်နေ့ မွန်းလွဲ(၂)နာရီအချိန်တွင် ရှမ်းပြည်နယ် လွှတ်တော် ရေးရာကော်မတီ အခန်း(၁)၌ ကျင်းပပါသည်။

အခမ်းအနားတွင် ရှမ်းပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ ရှမ်းပြည်နယ်လွှတ်တော် ဥပဒေပြုရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဦးစဝ်အောင်မြတ်က အဖွင့်အမှာစကား ပြောကြားပြီး၊ ၂၀၁၉-၂၀၂၀ခု၊ ဘဏ္ဍာရေးနှစ်အတွက် ပြည်ထောင်စုမှ စိစစ်လျော့ချပြီးသည့် ဖြည့်စွက် ခွင့်ပြုငွေစာရင်းနှင့် ၂၀၁၉-၂၀၂၀ခု၊ ဘဏ္ဍာရေးနှစ် ရှမ်းပြည်နယ်၏ နောက်ထပ် ဘဏ္ဍာငွေခွဲဝေသုံးစွဲရေးဥပဒေ(မူကြမ်း)နှင့် ပတ်သက်၍ ရှင်းလင်းကာ တက်ရောက်လာသည့် ကော်မတီဝင်များက ဖြည့်စွက်ခွင့်ပြုငွေစာရင်းနှင့် ဥပဒေ(မူကြမ်း)အပေါ် သုံးသပ်အကြံပြု နိုင်ရန် ဆွေးနွေးကြပါသည်။

ထို့နောက် ရှမ်းပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ ရှမ်းပြည်နယ်လွှတ်တော် ဥပဒေပြုရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဦးစဝ်အောင်မြတ်က နိဂုံးချုပ်အမှာစကား ပြောကြားပြီး အစည်းအဝေးကို ညနေ(၁၆:၄၅)အချိန်တွင် ရပ်နားခဲ့ပါသည်။ အဆိုပါအစည်းအဝေးသို့ ဥပဒေပြုရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဒေသန္တရစီမံကိန်းနှင့် ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ စိစစ်ရေးကော်မတီ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့ တက်ရောက်ခဲ့ကြပါသည်။

 

Leave a reply