Tuesday, July 14

ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် (၁၉)ကြိမ်မြောက် ပုံမှန်အစည်းအဝေး(စတုတ္ထနေ့)ကျင်းပ

0
205

ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော်

(၁၉)ကြိမ်မြောက် ပုံမှန်အစည်းအဝေး(စတုတ္ထနေ့)ကျင်းပ

 တောင်ကြီး    ဇွန်   ၂၅

     ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် (၁၉) ကြိမ်မြောက်ပုံမှန်အစည်းအဝေး (စတုတ္ထနေ့) ကို ဇွန်လ(၂၅)ရက် (ကြာသပတေးနေ့)၊ နံနက် (၁၀)နာရီအချိန်တွင် ရှမ်းပြည်နယ်လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ တပ်မတော်သား ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

     အစည်းအဝေးတွင် ရှမ်းပြည်နယ်လွှတ်တော်ရုံး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်နန်းမိုခမ်းက အခမ်းအနားမှူးအဖြစ် ဆောင်ရွက်သည်။

         အစည်းအဝေးမတက်ရောက်နိုင်သော ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်( ၁၃ )ဦးတို့ အတွက် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ စိစစ်ရေးကော်မတီ ဥက္ကဋ္ဌ၊ နမ့်စန်မြို့နယ် မဲဆန္ဒနယ် အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလင်းအောင်ဆွေက ခွင့်ပန်ကြားပြီး ပြည်နယ် လွှတ်တော်မှ သဘောတူကြောင်းနှင့် အစည်းအဝေးအထမြောက်မှုကို ပြည်နယ်လွှတ်တော်မှ အတည်ပြုကြောင်း ကြေညာပါသည်။

     ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက အစည်းအဝေးတက်ရောက်ခွင့်ရှိသူ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် (၁၃၉)ဦး ရှိသည့်အနက် ခွင့်ပန်ကြားသူ(  ၁၃  )ဦးရှိပြီး အစည်းအဝေးသို့ (  ၁၂၆  )ဦး တက်ရောက်သဖြင့် ( ၉၀.၆၅ )%  ရှိသောကြောင့် အစည်းအဝေး အထမြောက်ကြောင်းနှင့် စတုတ္ထနေ့အစည်းအဝေးစတင် ကျင်းပကြောင်း ကြေညာပါသည်။

     ၎င်းနောက် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်( ၉ )ဦးက ကြယ်ပွင့်ပြမေးခွန်း( ၉ )ခု မေးမြန်းရာ မဘိမ်းမြို့နယ် မဲဆန္ဒနယ်အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမောင်ညို က “မဘိမ်းမြို့နယ်၊ ကုန်းမခံကျေးရွာအုပ်စုနယ်နိမိတ်အတွင်းရှိ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ လျှောက်ထားရယူခြင်း”နှင့် စပ်လျဉ်းသည့်မေးခွန်းအား မေးမြန်းရာ ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီး ဦးစိုင်းလုံကျော် က လည်းကောင်း၊ ရွာငံမြို့နယ် မဲဆန္ဒနယ်အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဦးအေးမင်းစိုး က “ရွာငံမြို့နယ်၊ သိမ်ကုန်းကျေးရွာအုပ်စု၊ အင်းကြီးကျေးရွာတွင် အားကစားကွင်းဖော်ထုတ်ပေးရန် အစီအစဉ်ရှိ/ မရှိ”နှင့်စပ်လျဉ်းသည့်မေးခွန်း အားမေးမြန်းရာ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း က လည်းကောင်း၊ နမ့်စန်မြို့နယ် မဲဆန္ဒနယ်အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလင်းအောင်ဆွေ က “နမ့်စန်မြို့နယ် တွင် ဟိုတန့်ရေထွက်အပါအဝင် လွိုင်လင်တောင်ကြောတစ်လျှောက် ရေထွက်တောဝန်းကျင်ရှိ သစ်တောများကို အတားအဆီးမဲ့ တောင်ယာခုတ်ထွင်နေခြင်းများ” နှင့် စပ်လျဉ်းသည့် မေးခွန်းအား မေးမြန်းရာ ပြည်နယ်သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီး ဒေါက်တာညီညီအောင် က လည်းကောင်း၊ ကျောက်မဲမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)၊ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းထွန်းဝင်း(ခ)စိုင်းနော်ခမ်း က ” ပြည်နယ်လယ်ယာမြေနှင့် အခြား မြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီမှ မူလမြေပိုင်ရှင်များထံ အမှုပိတ်သိမ်း ကြောင်းပြန်ကြားလာမှု” နှင့် စပ်လျဉ်းသည့် မေးခွန်းအားမေးမြန်းရာ ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးစိုင်းလုံကျော် က လည်းကောင်း၊ တပ်မတော်သား ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဗိုလ်ကြီးဟန်လင်းထွန်း က “တောင်ကြီးမြို့နယ်၊ အောင်သပြေ အခြေခံ ပညာအထက်တန်းကျောင်း၏ (၁၅၀ x ၃၀ x ၂၄)ပေ အုတ်ညှပ်နှစ်ထပ်ကျောင်းဆောင်အား အသစ်ပြန်လည်တည်ဆောက်ပေးရန် အစီအစဉ် ရှိ/မရှိ” နှင့် စပ်လျဉ်းသည့် မေးခွန်းအားမေးမြန်းရာ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း က လည်းကောင်း၊ ပင်းတယမြို့နယ် မဲဆန္ဒနယ် အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးညီညီ(ခ)ဦးညီလေးချမ်းက “ရွာငံမြို့နယ်ရှိ ကျောက်ခေတ်ရှေးဟောင်း ယဉ်ကျေးမှုအမွေအနှစ်ဖြစ်သော ပြဒါးလင်းဂူ(၁)နှင့်(၂)တို့အား မပျက်စီး စေရေး ထိန်းသိမ်းစီမံဆောင်ရွက်ပေးနေမှု” နှင့် စပ်လျဉ်းသည့် မေးခွန်းများအား မေးမြန်းရာ ပြည်နယ်စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးညွန့်လွင်(ခ)ဦးစိုးကြီး က လည်းကောင်း၊ မိုင်းပျဉ်းမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းလှဝင်းက “မိုင်းပျဉ်းမြို့နယ်၊ ပန်ဝိုင်၊ ယမ်းခမ်း၊ ပန်နောင်လုံကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာ(၁၃)ရွာတွင် စိမ့်စမ်းရေသွယ်ခြင်းနှင့် ဆက်စပ်လုပ်ငန်းများ ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/ မရှိ” နှင့် စပ်လျဉ်းသည့် မေးခွန်းအား မေးမြန်းရာ ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးစိုင်းလုံကျော် က လည်းကောင်း၊ ကျောက်မဲမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းထွန်းဉာဏ် က “ရှမ်းပြည်နယ်တွင် သဘာဝ သယံဇာတ တူးဖော်ရေး လုပ်ကွက်သစ်များအတွက် ဒေသခံပြည်သူများနှင့် ဒေသခံလွှတ်တော်ကိုယ်စားလှယ်များ၏ သဘောတူညီမှုဖြင့်သာ ပြည်နယ်အစိုးရမှ သဘောထားမှတ်ချက်ပေးရန် အစီအစဉ် ရှိ/ မရှိ” နှင့် စပ်လျဉ်းသည့် မေးခွန်းများအား မေးမြန်းရာ ပြည်နယ်သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာညီညီအောင် က လည်းကောင်း၊ ကလောမြို့နယ် မဲဆန္ဒနယ် အမှတ်(၂) ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးသန်းထိုက်က ” ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ (၄)နှစ်တာ ကာလအတွင်း ၂၀၁၂ခုနှစ် လယ်ယာမြေ ဥပဒေ၊ နည်းဥပဒေများနှင့် မညီဘဲ ထုတ်ပေးထားသော လယ်ယာမြေ လုပ်ပိုင်ခွင့်လက်မှတ် ပုံစံ(၇)များနှင့် ထုတ်ပေးထားသူများကို မည်သို့ဆောင်ရွက်နေသည်” နှင့် စပ်လျဉ်းသည့် မေးခွန်းအားမေးမြန်းရာ ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်းမြောင်းဝန်ကြီး ဦးစိုင်းလုံကျော် က လည်းကောင်း အသီးသီးပြန်လည်ဖြေကြား ကြသည်။

      ၎င်းနောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ တင်သွင်းခဲ့သော ၂၀၁၉-၂၀၂၀ခု၊ ဘဏ္ဍာရေးနှစ် ရှမ်းပြည်နယ်၏ နောက်ထပ်ဘဏ္ဍာငွေခွဲဝေသုံးစွဲရေး ဥပဒေ(မူကြမ်း)နှင့် စပ်လျဉ်း၍ မိုင်းပျဉ်း မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းလှဝင်းနှင့် တပ်မတော်သား ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးဆန်းလင်းထွန်း တို့က ဆွေးနွေးပြီး ရှမ်းပြည်နယ် လွှတ်တော် ဒေသန္တရစီမံကိန်းနှင့် ဘဏ္ဍာငွေအရအသုံးဆိုင်ရာ စိစစ်ရေးကော်မတီ ဥက္ကဋ္ဌ တာချီလိတ်မြို့နယ် မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်တင့် က စိစစ်သုံးသပ်တင်ပြ၍ ရှမ်းပြည်နယ်လွှတ်တော် ဥပဒေပြုရေးဆိုင်ရာကော်မတီ အဖွဲ့ဝင် နမ့်ဆန် မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ထွဏ်း က ကော်မတီ၏ စိစစ်သုံးသပ်တင်ပြသည့် အကြံပြုချက်အစီရင်ခံစာကို ဖတ်ကြားတင်ပြ၍ ရှမ်းပြည်နယ်အစိုးရ အဖွဲ့ဝင် ပြည်နယ်စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးညွန့်လွင်(ခ)ဦးစိုးကြီး က ပြန်လည်ရှင်းလင်း ဆွေးနွေးပြီး အတည်ပြုပေးနိုင်ပါရန် လွှတ်တော်အဆုံးအဖြတ်ရယူရာ လွှတ်တော်က သဘောတူ သဖြင့် ရှမ်းပြည်နယ်လွှတ်တော်က ဆုံးဖြတ်ထားသည့်အတိုင်း အတည်ပြုကြောင်း ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌ က ကြေညာပါသည်။

     ထို့နောက်  ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် (၁၉) ကြိမ်မြောက်ပုံမှန် အစည်းအဝေးဆောင်ရွက်ချက်များအပါအဝင် လွှတ်တော်လုပ်ငန်းဆိုင်ရာများ အား ရှင်းလင်းတင်ပြခဲ့ပြီး အစည်းအဝေး(စတုတ္ထနေ့)အား နေ့လယ်(၁၂:၅၅)နာရီအချိန်တွင် ပြီးစီးခဲ့ပြီး ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် (၁၉)ကြိမ်မြောက် ပုံမှန်အစည်းအဝေး အောင်မြင်စွာ ပြီးမြောက်ခဲ့ပါသည်။

Leave a reply