Friday, September 25

ရှမ်းပြည်နယ်လွှတ်တော် ဥပဒေပြုရေးဆိုင်ရာကော်မတီ၏ အကြိုညှိနှိုင်းအစည်းအဝေး ကျင်းပ

0
8

ရှမ်းပြည်နယ်လွှတ်တော် ဥပဒေပြုရေးဆိုင်ရာကော်မတီ၏  အကြိုညှိနှိုင်းအစည်းအဝေး ကျင်းပ

တောင်ကြီး     ဩဂုတ် – ၂၇

          ရှမ်းပြည်နယ် မြေယာခွန်ဥပဒေ(မူကြမ်း)နှင့် ပတ်သက်၍ ညှိနှိုင်းဆွေးနွေးပွဲ ကျင်းပ ပြုလုပ်ရန်နှင့် ၂၀၂၀-၂၀၂၁ခု၊ ဘဏ္ဍာရေးနှစ် ရှမ်းပြည်နယ်၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေ(မူကြမ်း)အပေါ် ဌာနဆိုင်ရာများနှင့် ကြားနာပွဲကျင်းပပြုလုပ်နိုင်ရေး အကြိုညှိနှိုင်း အစည်းအဝေးကို ဩဂုတ်လ (၂၇)ရက်နေ့ (၁၄:၀၀)နာရီတွင် ရှမ်းပြည်နယ်လွှတ်တော် ရေးရာကော်မတီအခန်း(၁)၌ ကျင်းပပါသည်။

 

အခမ်းအနားတွင် ရှမ်းပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ ရှမ်းပြည်နယ်လွှတ်တော် ဥပဒေပြုရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဦးစဝ်အောင်မြတ်က အဖွင့်အမှာစကား ပြောကြားပြီး၊ ရှမ်းပြည်နယ် မြေယာခွန်ဥပဒေ(မူကြမ်း)၊ ၂၀၂၀-၂၀၂၁ခု၊ ဘဏ္ဍာရေးနှစ် ရှမ်းပြည်နယ်၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေ(မူကြမ်း)များနှင့် ပတ်သက်၍ ရှင်းလင်းကာ တက်ရောက် လာသည့် ကော်မတီဝင်များက ရှမ်းပြည်နယ် မြေယာခွန်ဥပဒေ(မူကြမ်း)အပေါ် သုံးသပ် အကြံပြုနိုင်ရန် ဆွေးနွေးကြပါသည်။

ထို့နောက် ရှမ်းပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ ရှမ်းပြည်နယ်လွှတ်တော် ဥပဒေပြုရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဦးစဝ်အောင်မြတ်က နိဂုံးချုပ် အမှာစကား ပြောကြား ပြီး၊ အစည်းအဝေးကို (၁၅:၅၅)နာရီတွင် ရပ်နားခဲ့ပါသည်။ အဆိုပါအစည်းအဝေးသို့ ဥပဒေပြုရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါသည်။

Leave a reply