Sunday, September 27

ရှမ်းပြည်နယ်လွှတ်တော်ဥပဒေပြုရေးဆိုင်ရာကော်မတီ၏ ရှမ်းပြည်နယ်မြေယာခွန်ဥပဒေ(မူကြမ်း)နှင့် ပတ်သက်သည့် ညှိနှိုင်းဆွေးနွေးပွဲကျင်းပ

0
14

ရှမ်းပြည်နယ်လွှတ်တော်ဥပဒေပြုရေးဆိုင်ရာကော်မတီ၏ ရှမ်းပြည်နယ်မြေယာခွန်ဥပဒေ(မူကြမ်း)နှင့် ပတ်သက်သည့် ညှိနှိုင်းဆွေးနွေးပွဲကျင်းပ

 တောင်ကြီး     ဩဂုတ်  –   ၂၈

   ရှမ်းပြည်နယ်လွှတ်တော် ဥပဒေပြုရေးဆိုင်ရာကော်မတီသည် ရှမ်းပြည်နယ် မြေယာခွန်ဥပဒေ(မူကြမ်း)အပေါ် ညှိနှိုင်းဆွေးနွေးပွဲကို (၂၈..၂၀၂၀) ရက်နေ့ (၀၉:၃၀)နာရီ တွင်  ရှမ်းပြည်နယ်လွှတ်တော် သံလွင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

 

          အခမ်းအနားတွင် ရှမ်းပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ ရှမ်းပြည်နယ်လွှတ်တော် ဥပဒေပြုရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဦးစဝ်အောင်မြတ်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး၊ ရှမ်းပြည်နယ်မြေယာခွန်ဥပဒေ(မူကြမ်း)နှင့် ပတ်သက်၍ အပြန်အလှန် ညှိနှိုင်းဆွေးနွေး ခဲ့ကြပါသည်။

အဆိုပါ ညှိနှိုင်းဆွေးနွေးပွဲသို့ ရှမ်းပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ ရှမ်းပြည်နယ် လွှတ်တော် ဥပဒေပြုရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဦးစဝ်အောင်မြတ်၊ ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးစိုင်းလုံကျော်၊ ဥပဒေပြုရေးဆိုင်ရာကော်မတီဝင်များ၊ တောင်သူလယ်သမားအလုပ်သမားနှင့် လူငယ်ရေးရာကော်မတီဥက္ကဋ္ဌနှင့် ကော်မတီဝင်များ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး၊ ရှမ်းပြည်နယ်တရားလွှတ်တော်ရုံး၊ ရှမ်းပြည်နယ်ဥပဒေချုပ်ရုံး၊ ရှမ်းပြည်နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ရှမ်းပြည်နယ်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနတို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ပြီး ညှိနှိုင်းဆွေးနွေးပွဲကို (၁၄း၃ဝ) နာရီတွင် ရပ်နားခဲ့ပါသည်။

 

Leave a reply