Friday, September 25

၂၀၂၀-၂၀၂၁ခု၊ ဘဏ္ဍာရေးနှစ် ရှမ်းပြည်နယ်၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေ(မူကြမ်း) နှင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်၊ ရှမ်းပြည်နယ်ဒေသန္တရစီမံကိန်းဥပဒေ(မူကြမ်း)တို့နှင့် ပတ်သက်၍ ဌာနဆိုင်ရာများနှင့် ကြားနာပွဲ(ပထမနေ့) ကျင်းပ

0
14

၂၀၂၀-၂၀၂၁ခု၊ ဘဏ္ဍာရေးနှစ် ရှမ်းပြည်နယ်၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေ(မူကြမ်း) နှင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်၊ ရှမ်းပြည်နယ်ဒေသန္တရစီမံကိန်းဥပဒေ(မူကြမ်း)တို့နှင့် ပတ်သက်၍ ဌာနဆိုင်ရာများနှင့် ကြားနာပွဲ(ပထမနေ့) ကျင်းပ

 

တောင်ကြီး   ဩဂုတ်  ၃၁

     ရှမ်းပြည်နယ်လွှတ်တော် ဥပဒေပြုရေးဆိုင်ရာကော်မတီသည် ၂၀၂၀-၂၀၂၁ခု၊ ဘဏ္ဍာရေးနှစ် ရှမ်းပြည်နယ်၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေ(မူကြမ်း)နှင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်၊ ရှမ်းပြည်နယ်ဒေသန္တရစီမံကိန်းဥပဒေ(မူကြမ်း)တို့အပေါ် ဌာနဆိုင်ရာများနှင့် ကြားနာပွဲ အခမ်းအနား ကို (၃၁..၂၀၂၀) ရက်နေ့ နံနက်(၀၉:၃၀)နာရီတွင်  ရှမ်းပြည်နယ် လွှတ်တော် ကျားခေါင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

     အဆိုပါ အစည်းအဝေးသို့ ရှမ်းပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ ရှမ်းပြည်နယ် လွှတ်တော် ဥပဒေပြုရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဦးစဝ်အောင်မြတ်၊ ပြည်နယ်စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးညွန့်လွင်(ခ)ဦးစိုးကြီး၊ ဥပဒေပြုရေးဆိုင်ရာ ကော်မတီဝင်များ၊ ရှမ်းပြည်နယ်လွှတ်တော် ဒေသန္တရစီမံကိန်းနှင့် ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ကော်မတီဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ပါသည်။

          အခမ်းအနားတွင် ရှမ်းပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ ရှမ်းပြည်နယ်လွှတ်တော် ဥပဒေပြုရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဦးစဝ်အောင်မြတ်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ရှမ်းပြည်နယ်ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာနနှင့် ပြည်နယ်စီမံကိန်းရေးဆွဲရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးတို့က ၂၀၂၀-၂၀၂၁ခု၊ ဘဏ္ဍာရေးနှစ် ရှမ်းပြည်နယ်၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေ(မူကြမ်း)နှင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်၊ ရှမ်းပြည်နယ်ဒေသန္တရစီမံကိန်း ဥပဒေ(မူကြမ်း)နှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပါသည်။

          ထို့နောက် ရှမ်းပြည်နယ်ဘဏ္ဍာရန်ပုံငွေတွင်ပါဝင်သော ဌာန/ အဖွဲ့အစည်းများ၏ ၂၀၂၀-၂၀၂၁ခု၊ ဘဏ္ဍာရေးနှစ် ရှမ်းပြည်နယ်၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေ(မူကြမ်း)၊ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်၊ ရှမ်းပြည်နယ်ဒေသန္တရစီမံကိန်းဥပဒေ(မူကြမ်း)နှင့် ပတ်သက်၍ နံနက်ပိုင်း အစီအစဉ်တွင် ပြည်နယ်အဆင့် ဌာနဆိုင်ရာများဖြစ်သည့် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ကုန်းမြင့်ဒေသ လယ်ယာမြေ ဖော်ထုတ်ရေးစီမံကိန်းဦးစီးဌာန၊ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန(ဆည်မြောင်း၊ ရေအရင်းအမြစ်)တို့က ဆွေးနွေးတင်ပြပြီး၊ နေ့လယ်ပိုင်းတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ ပြည်နယ်ဒေသဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး(နတလ)၊ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန၊ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့က ရှင်းလင်းတင်ပြခဲ့ရာ တက်ရောက်လာကြသည့် ကော်မတီဝင်များက အပြန်အလှန် မေးမြန်းဆွေးနွေးခဲ့ကြပြီး၊ ပထမနေ့ အစီအစဉ်အား (၁၆း၁၅)နာရီတွင် ပြီးစီးခဲ့၍ ဒုတိယနေ့အစီအစဉ်ကို စက်တင်ဘာလ(၁)ရက်နေ့တွင် ဆက်လက်ကျင်းပသွားမည် ဖြစ်ပါသည်။

Leave a reply