Tuesday, September 29

၂၀၂၀-၂၀၂၁ခု၊ ဘဏ္ဍာရေးနှစ် ရှမ်းပြည်နယ်၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေ(မူကြမ်း) နှင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်၊ ရှမ်းပြည်နယ်ဒေသန္တရစီမံကိန်းဥပဒေ(မူကြမ်း)တို့နှင့် ပတ်သက်၍ ဌာနဆိုင်ရာများနှင့် ကြားနာပွဲ(ဒုတိယနေ့) ကျင်းပ

0
14

 

၂၀၂၀-၂၀၂၁ခု၊ ဘဏ္ဍာရေးနှစ် ရှမ်းပြည်နယ်၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေ(မူကြမ်း) နှင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်၊ ရှမ်းပြည်နယ်ဒေသန္တရစီမံကိန်းဥပဒေ(မူကြမ်း)တို့နှင့် ပတ်သက်၍ ဌာနဆိုင်ရာများနှင့် ကြားနာပွဲ(ဒုတိယနေ့) ကျင်းပ

 

တောင်ကြီး   စက်တင်ဘာ   ၁

      ရှမ်းပြည်နယ်လွှတ်တော် ဥပဒေပြုရေးဆိုင်ရာကော်မတီသည် ၂၀၂၀-၂၀၂၁ခု၊ ဘဏ္ဍာရေးနှစ် ရှမ်းပြည်နယ်၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေ(မူကြမ်း)နှင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်၊ ရှမ်းပြည်နယ်ဒေသန္တရစီမံကိန်းဥပဒေ(မူကြမ်း)တို့အပေါ် ဌာနဆိုင်ရာများနှင့် ကြားနာပွဲ(ဒုတိယနေ့) အခမ်းအနားကို (..၂၀၂၀) ရက်နေ့ နံနက်(၀၉:၃၀)နာရီတွင်  ရှမ်းပြည်နယ်လွှတ်တော် ကျားခေါင်း ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

 

      အဆိုပါ အစည်းအဝေးသို့ ရှမ်းပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ ရှမ်းပြည်နယ် လွှတ်တော် ဥပဒေပြုရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဦးစဝ်အောင်မြတ်၊ ဥပဒေပြုရေးဆိုင်ရာ ကော်မတီဝင်များ၊ ရှမ်းပြည်နယ်လွှတ်တော် ဒေသန္တရစီမံကိန်းနှင့် ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ကော်မတီဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ပါသည်။

ထို့နောက် ရှမ်းပြည်နယ်ဘဏ္ဍာရန်ပုံငွေတွင်ပါဝင်သော ဌာန/ အဖွဲ့အစည်းများ၏ ၂၀၂၀-၂၀၂၁ခု၊ ဘဏ္ဍာရေးနှစ် ရှမ်းပြည်နယ်၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေ(မူကြမ်း)၊ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်၊ ရှမ်းပြည်နယ်ဒေသန္တရစီမံကိန်းဥပဒေ(မူကြမ်း)နှင့် ပတ်သက်၍ နံနက်ပိုင်း အစီအစဉ်တွင် ပြည်နယ်အဆင့် ဌာနဆိုင်ရာများဖြစ်သည့် ပြည်နယ်မီးသတ်ဦးစီးဌာန၊ ပြည်နယ်လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်း၊ ပြည်နယ်လမ်းဦးစီးဌာနတို့က ဆွေးနွေးတင်ပြပြီး၊ နေ့လယ်ပိုင်းတွင် ပြည်နယ်အားကစားနှင့် ကာယပညာ ဦးစီးဌာန၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၊ ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနပြည်နယ်စည်ပင်သာယာရေးဌာနတို့က ရှင်းလင်းတင်ပြခဲ့ရာ တက်ရောက် လာကြသည့် ကော်မတီဝင်များက အပြန်အလှန် မေးမြန်းဆွေးနွေးခဲ့ကြပြီး ရှမ်းပြည်နယ်လွှတ်တော် ဥပဒေပြုရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကားပြောကြားကား ဒုတိယနေ့ အစီအစဉ် အား ညနေ(၁၇:၂၀)နာရီတွင် အောင်မြင်စွာပြီးစီးခဲ့ပါသည်။

Leave a reply