Tuesday, November 24

ရှမ်းပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ သီရိပျံချီ ဦးစဝ်အောင်မြတ်သည် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်၊ ဗထူးခန်းမတွင် ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲကျင်းပပြုလုပ်

0
5

ရှမ်းပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ သီရိပျံချီ ဦးစဝ်အောင်မြတ်သည် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်၊ ဗထူးခန်းမတွင် ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲကျင်းပပြုလုပ်

တောင်ကြီး     နိုဝင်ဘာ – ၁၈

   ၁၇.၁၁.၂၀၂၀ရက်နေ့ နံနက် (၉) နာရီခွဲ အချိန်တွင် ရှမ်းပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ သည် ရွာငံမြို့၊ ဗထူးခန်းမ၌ ဌာနဆိုင်ရာများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများ၊ ဒေသခံ ပြည်သူများနှင့်တွေ့ဆုံပွဲကျင်းပပြုလုပ်ခဲ့ပြီး ၂၀၁၉ – ၂၀၂၀ခု ဘဏ္ဍာရေးနှစ်အတွက် လွှတ်တော် ဆိုင်ရာဆောင်ရွက်မှုကိစ္စရပ်များကို ပြည်သူလူထုအား ရှင်းလင်းပြောကြားခဲ့ပါသည်။

   ထို့နောက် ရှမ်းပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ သီရိပျံချီ ဦးစဝ်အောင်မြတ်မိသားစုမှ ရွာငံမြို့နယ်၊ မြင်းကျဒိုးကျေးရွာဘုန်းကြီးကျောင်းကထိန်အတွက် အလှူတော်ငွေကျပ် သိန်း(၅၀)နှင့် ရွာငံမြို့နယ်၊ ဝက္ကပူးကျေးရွာဘုန်းကြီးကျောင်းကထိန်အတွက် အလှူတော် ငွေကျပ် သိန်း(၃၀) တို့ အား သက်ဆိုင်ရာ တာဝန်ရှိကျေးရွာရပ်မိရပ်ဖထံ ပေးအပ်လှူဒါန်းခဲ့ပါသည်။

   ၎င်းနောက်ရွာငံမြို့နယ်အုပ်ချုပ်ရေးမှူးမှ ဘဏ္ဍာရေးနှစ်အလိုက် ဒေသဖွံ့ဖြိုးရေး၊ စီမံကိန်း ဆိုင်ရာကိစ္စရပ်များ ရှင်းလင်းတင်ပြခဲ့ပါသည်။ ရွာငံမြို့နယ်အတွင်းရှိ တာဝန်ရှိသူများနှင့် ဒေသခံ ပြည်သူများမှ ကျေးလက်ဒေသဖွံ့ဖြိုးရေးအတွက် လိုအပ်ချက်များအား ဆွေးနွေးတင်ပြခဲ့ကြပြီး သက်ဆိုင်ရာစီမံကိန်း ဌာနအလိုက် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။

Leave a reply